💋💋💋chapter-18💋💋💋

307 1 0
                                    

       ကျွန်တော်ကားမောင်းနေရင်းချစ်ရတဲ့သူလေးရဲ့မျက်နှာကိုကြည့်ချင်စိတ်တွေတဖွားဖွားပေါ်ပေါက်လာတော့၏.....သူမလေးနှင့်အတူတူရှိနေတဲ့အချိန်လေးမှာသူမလေးရဲ့မျက်နှာလေးကိုတ၀ကြီးကြည့်ချင်မိသည်။

     သူမလေးကိုလှည့်ကြည့်လိုက်တော့သူမလေးကကျွန်တော်ကိုမျက်တောင်မခတ်တမ်းငေးကြည်နေသည်ကိုတွေ့မြင်လိုက်ရသည်။ကျွန်တော်ကြည့်လိုက်တော့သူမကရှက်သွေးဖြာသွားပြီးပါးလေးတွေကရဲတက်သွားလေတော့တယ်။

      ပါးလေးတွေနီရဲကာရှက်ဖွေးဖြာသွားသည့်သူမလေးကအရမ်းကိုချစ်ဖို့ကောင်းပြီးကိုက်စားချင်စရာကောင်းလောက်အောင်ကိုအသဲယားဖို့ကောင်းနေတော့၏။ပန်းနုရောင်သန်းနေသည့်ပါးလေးကိုkissပေးချင်သည့်စိတ်ကိုမနည်းထိန်းထားရသည်....မင်းလေးကိုယ့်ကိုပြုစားနိုင်လွန်းတယ်။

   ၁၅မိနစ်ကျော်လောက်ကြာပြီးတော့ကိုကိုကခြံတခုရဲ့ရှေ့မှာကားရပ်လိုက်ပြီးဟွန်းလိုက်သည်...အစတုန်းကသေချာမသိပေမဲ့သေချာကြည့်လိုက်မှကိုကို့အိမ်ဖြစ်နေမှန်းသိလိုက်ရတော့တယ်။

   ကိုကိုကဘာလို့သူ့အိမ်ခေါ်လာရတာလဲ???ဘာအကြောင်းရှိလို့ပါလိမ့်???

alviz"belleလေး....ဆင်းလေ။"

ကားတံခါးဖွင့်ပေးရင်းပြောလိုက်သည့်ကိုကို.....

belleလည်းကားပေါ်ကဆင်းတုန်းပဲရှိတုန်းသေး....ကိုကိုကတို့လက်ကိုကိုင်ပြီးတနေရာကိုခေါ်လာပြန်တယ်။

တနေရာရောက်တော့ကိုကိုကသူ့ရဲ့ကြီးများကျယ်ပြန့်တဲ့လက်အစုံဖြင့်တို့ရဲ့မျက်လုံးအစုံကိုမှိတ်လိုက်လေတယ်။

   🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

belle"ကိုကို......"

alviz"ရှုး....ကို့ကိုယုံပြီးလိုက်ခဲ့နော်။"

နားနားကပ်ကာပြောလိုက်သည့်ကိုကို့ကြောင့်နှလုံးသားလေးကလည်းခုန်ပေါက်သွားလေတော့၏။ရင်တထိတ်ထိတ်နှင့်ကိုကိုခေါ်သည့်နောက်ကိုမျက်လုံးစုံမိတ်ကာလိုက်ခဲ့လိုက်သည်။

alviz"မျက်လုံးလေးတွေဖွင့်လို့ရပါပြီဗျာ....."

ကိုကိုသူ့ရဲ့လက်အစုံကိုbelleရဲ့မျက်လုံးတွေကနေဖယ်လိုက်ရင်းပေါ့.....belleလည်းပိတ်ထားတဲ့မျက်လုံးလေးတွေကိုဖြေးဖြေးချင်းဖွင့်ကာကြည့်လိုက်သည်။

no one but youWhere stories live. Discover now