💋💋💋chapter-14💋💋💋

315 2 0
                                    


    ကိုကို့အိမ်က၃ထပ်တိုက်လေ....decoration တွေကလည်းအရမ်းလှပပြီးတောက်ပနေတဲ့အိမ်ကြီးကနန်းတော်ကြီးတမျှခမ်းနားနေတာ.....အခန်းတွေကအောက်ထပ်တင်၁၀ခန်းလောက်ရှိတယ်....အပေါ်က၂ထပ်မှာလည်းအခန်းတွေဘယ်လောက်ရှိသေးလဲမသိပါဘူးရှင်???

      အဲ့လောက်အခန်းတွေများပေမဲ့အတူတူရှိနေပေးမဲ့မိသားစုတွေမရှိတာတော့ကိုကို့အတွက်၀မ်းနည်းစရာပဲ....အဲ့တာကြောင့်လည်းကိုကိုကပြောတာပေါ့...သူဒါတွေကြောင့်မပျော်ရွှင်ရဘူးလို့....အိမ်ကြီးကကြီးသလောက်ကိုကို့အထီးကျန်မူတွေကလည်းဘယ်လောက်ကြီးနေမလဲဆိုတာbelleတွေးကြည့်ရုံနှင်တင်ကိုကို့ခံစားချက်တွေကိုနားလည်ပါတယ်။

   ကိုကိုကbelleတို့ဖို့နေ့လည်စာကိုအများကြီးပြင်ပေးထားတယ်....စားပွဲရှည်ကြီးမှာဟင်းပွဲတွေဆိုတာအပြည့်ပဲ.....

ဒေါ်ချစ်လေးဆွေ"ဟင်းပွဲတွေကလည်းအများကြီးပါလား???နောက်ထပ်ဧည့်သည်တွေလာအုန်းမှာလားကွယ်???"

 alviz"မလာပါဘူး....အန်တီရဲ့...အန်တီတို့ကိုပဲဖိတ်ထားတာပါ။"

ဒေါ်ချစ်လေးဆွေ"ဒီလောက်အများကြီးဘာလို့ပြင်ထားတာလဲကွယ်....အန်တီတို့အားတောင်နာလာပြီ။"

belle"အေးလေ...အကိုကလည်း....အားနာစရာတွေတော့ဖြစ်ကုန်ပြီ။"

alviz"အားနာစရာမလိုပါဘူးဗျာ....ကျွန်တော့်အတွက်အပန်းကြီးတာမှမဟုတ်တာ....ကျွန်တော်တတ်နိုင်တဲ့ဖက်ကနေbelleအတွက်ဂုဏ်ပြုပေးတာပါ....ကျွန်တော့်စေတနာကိုအသိအမှတ်ပြုပေးပါနော်...အန်တီနှင့်belle။"

အကို့စကားကြောင့်belleရော၊မေမေရောပြုံးလိုက်မိတော့တယ်....ကိုကိုကbelleတို့သားအမိကိုအမြဲတမ်းပြုံးအောင်လုပ်ပေးတဲ့သူပါ.....ကိုကိုbelleအနားမှာရှိတိုင်းအမြဲပျော်နေမိတယ်....အဲ့တာဘာကြောင့်လဲ???အချစ်ကြောင့်လား???ဒီမေးခွန်းကိုbelle အကြိမ်ကြိမ်မေးနေမိတော့တယ်......

   🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

belle"စားလို့ကောင်းလိုက်တာ....ဗိုက်ကိုဖောင်းတင်းသွားတာပဲ။"                                                                         
ဒေါ်ချစ်လေးဆွေ"ဟုတ်ပါရဲ့....."

no one but youWhere stories live. Discover now