💋💋💋chapter-11💋💋💋

356 4 0
                                    

       အဲ့ညကbelle kittyလေးနှင့်အတူတူအိပ်ယာ၀င်လိုက်တယ်....kittyလေးနှင့်စကားတွေပြောရင်းဘယ်လိုအိပ်ပျော်သွားမှန်းမသိအိပ်ပျော်သွားတော့တယ်။

      မနက်မိုးလင်းတော့အိပ်ယာမှာkittyလေးကိုမတွေ့တော့ဘူးလေ....အခန်းထဲဟိုဟိုဒီဒီလိုက်ရှာကြည့်တော့လည်းမတွေ့တာကြောင့်အခန်းထဲကထွက်လာပြီးဧည့်ခန်းမှာထပ်ပြီးရှာကြည့်လိုက်တယ်။

ဒေါ်ချစ်လေးဆွေ"သမီး....မနက်စောစောစီးစီးဘာတွေရှာနေတာလဲ???"

belle"သမီးရဲ့kittyလေးပျောက်နေလို့လိုက်ရှာနေတာ....အမေရဲ့...အမေသမီးရဲ့kittyလေးကိုတွေ့မိသေးလား???"

ဒေါ်ချစ်လေးဆွေ"အမေကဘယ်လိုလို့တွေ့မှာလဲ....သမီးရဲ့???သမီးနှင့်အတူရှိနေတယ်ပဲထင်တာပေါ့။"

belle"အဲ့တာဆိုရင်kittyလေးတော့ထွက်သွားပြန်ပြီထင်တယ်....အဲ့ကလေးကတော့အမြဲတမ်းထွက်သွားနေတာပဲ....ပြန်လာမှဖင်လေးကိုနာနာလေးရိုက်လိုက်အုန်းမယ်။"

ဒေါ်ချစ်လေးဆွေ"ကြောင်လေးတွေကအဲ့လိုပါပဲ....သမီးရယ်....စိတ်မကောင်းမဖြစ်နှင့်....ညကျရင်ပြန်လာမှာပေါ့...လာ...လာ...မနက်စာစားရအောင်....အမေထမင်းကြော်ထားတယ်။"

belle"ဟုတ်....မေမေ။"

    belleမေမေနှင့်ထမင်းစားပြီးတော့ကျောင်းသွားဖို့အိမ်ကနေထွက်လာလိုက်တယ်....အဲ့အချိန်အနောက်ကနေ"တီ...တီ...တီ"  ဆိုတဲ့ကားဟွန်းသံကြောင့်အနောက်ကိုလှည့်ကြည့်လိုက်တော့အရမ်းကိုခန့်ညားလွန်းနေကိုကို့ကိုတွေ့လိုက်ရသည်။ကိုကိုကတော့ဘယ်အချိန်ပဲကြည့်ကြည့်ချောမောခန့်ညားနေတော့တာပါပဲရှင်။

   🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

alviz"belle....ဘယ်သွားမလို့လဲ???ကျောင်းသွားမလို့ထင်တယ်။"

belle"ဟုတ်တယ်....အကိုရဲ့....ဘတ်စ်ကားမှတ်တိုင်သွားမလို့လေ။"

alviz"အော်....အဲ့တာဆိုကားပေါ်တက်လေ....အကိုကျောင်းလိုက်ပို့ပေးမယ်လေ။"

belle"ရပါတယ်....အကိုရယ်....ဘတ်စ်ကားစီးသွားရင်ခဏလေးပါ....belleကိုကျောင်းလိုက်ပို့နေလို့အကိုအလုပ်နောက်ကျနေပါအုန်းမယ်။"

no one but youWhere stories live. Discover now