💋💋💋chapter-28💋💋💋

220 1 0
                                    

  "ဟယ်...ဟိုကောင်လေးကချောလိုက်တာဟယ်....အသားအရည်ကလည်းငါတို့ထက်တောင်ကောင်သေးတယ်...သူသာငါ့ချစ်သူဖြစ်ရင်ကောင်းမှာပဲ"

   "နင်ကလည်းအတွေးလွန်နေပြန်ပြီ....သူ့ဘေးမှာကောင်မလေးတယောက်ရှိနေတယ်.....သူ့ချစ်သူလားမသိဘူး???"

    "မဖြစ်နိုင်ပါဘူးဟာ....သူ့ညီမလေးပဲဖြစ်မှာပါ....ကောင်မလေးကငယ်သေးတဲ့ဟာကို....ငါသူ့ဆီကဖုန်းနံပတ်နှင့်fb account သွားတောင်းလိုက်ရမလား???"

"တော်စမ်းပါဟယ်....အရှက်ကွဲနေအုန်းမယ်။လာ...သွားကြရအောင်။"

    ကောင်မလေး၂ယောက်စကားပြောနေတာကိုbelleနားထောင်ရင်းဒေါသတွေထွက်လာတော့သည်။အဲ့တာဒီလူကြီးကြောင့်....ဘာကြောင့်ဒီလောက်ထိချောမောနေမှန်းကိုမသိဘူး....ဟွန့်...စိတ်တိုလိုက်တာ.....

belle"ကို....ဒီနေ့ဘာလို့ဒီလောက်တောင်ရှိုးထုတ်ထားတာလဲ???အလုပ်ကိစ္စအကြောင်းပြပြီးဘယ်ကောင်မလေးနှင့်သွားချိန်းတွေ့မလို့လဲ....မှန်မှန်ပြောနော်???"

alviz"ကိုကဒီတိုင်းပဲ၀တ်လိုက်တာပါကလေးရယ်....ဗီဒိုထဲမှာတွေ့တာကိုဆွဲပြီး၀တ်လိုက်တာပါကွာ....ကိုရှိုးထုတ်တာမဟုတ်ပါဘူး။"

belle"ဟွန့်....ဘာပဲဖြစ်ဖြစ်...ကောင်မလေးတွေကိုဆွဲဆောင်ရဲဆွဲဆောင်ကြည့်...."

alviz"ကိုကဘယ်သူ့ကိုဆွဲဆောင်ရမှာလဲ...ကလေးရယ်???"

belle"မသိဘူး....ကိုကိုနော်belleအနားမှာမရှိဘူးဆိုပြီးထင်တိုင်းကြဲမယ်မကြံနှင့်...ညတိုင်းဖုန်းဆက်ပြီးreportတင်ရမယ်နော်...မတင်လို့ကတော့တွေ့ပြီသာမှတ်...."

alviz"ဟုတ်ပါပြီဗျာ....ကို့မင်းသမီးလေးရဲ့အမိန့်ကိုနာခံလျှက်ပါ...."

ကိုကိုကbelleကိုရင်ခွင်ထဲကာဖက်ထားလိုက်သည်....ကိုကို့ရင်ခွင်ကအရမ်းပဲနွေးထွေးတာပဲ...ကိုကိုရင်ခွင်မှာထာ၀ရနားခိုပါရစေ....ကိုကိုရယ်။

     🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

ထက်မြတ်"boss....လေယာဥ်ပေါ်တက်ရတော့မယ်။"

alviz"အေး။ကလေး....ကိုသွားတော့မယ်နော်..."

belle"ဟုတ်...ညတိုင်းဖုန်းဆက်ဖို့မမေ့နှင့်နော်။"

no one but youWhere stories live. Discover now