💋💋💋chapter-9💋💋💋

408 3 0
                                    

alviz"mommyရှိတုန်းကဆိုရင်အရသာရှိတာတွေအမျိုးမျိုးသူကိုယ်တိုင်ချက်ကျွေးခဲ့တာလေ.....mommyတို့မရှိတော့တဲ့နောက်ပိုင်း၀မ်းနည်းနေတာတွေပျောက်သွားအောင်အလုပ်ပဲထဲစိတ်နှစ်ထားခဲ့တယ်လေ....တယောက်တည်းဆိုတော့အပြင်မှာပဲကြုံသလို၊ဖြစ်သလိုပဲစားလိုက်တယ်လေ....တခါတလေကျရင်ထမင်းတောင်ကောင်းကောင်းမစားဖြစ်ဘူး....snackလောက်နှင့်ပြီးသွားတဲ့နေ့တွေလည်းရှိခဲ့တယ်လေ....ဘာပဲဖြစ်ဖြစ်ဒီနေ့belleကြောင့်အရသာရှိတဲ့နေ့လည်စာစားခဲ့ရတယ်....အဲ့အတွက်လည်းအများကြီးကျေးဇူးတင်တယ်နော်.....belle။"
belle"အကိုကလည်း....ဒါကအပန်းမကြီးတဲ့ကိစ္စပါ....အကိုလည်းတယောက်တည်းဆိုတော့စားရေးသောက်ရေးအဆင်ပြေအောင်လို့belleတို့အိမ်မှာပဲထမင်းစားလိုက်တော့လေ....companyနှင့်လည်းနီးတော့လမ်းလည်းသင့်တယ်လေ။"
alviz"ဘယ်ဖြစ်ပါ့မလဲ....အကို့ကြောင့်belleအလုပ်ပိုနေပါအုန်းမယ်...."
belle"belleအတွက်အပန်းမကြီးပါဘူးလို့ပြောထားတယ်လေ....တယောက်စာပိုချက်လို့လည်းbelleအတွက်ဘာမှမဖြစ်ပါဘူး.....အကိုရယ်....အကိုကြောင့်belleအမေအခုလိုကျန်းကျန်းမာမာပြန်ဖြစ်လာတာပါ....အကို့ကိုဒီလောက်တော့ကျေးဇူးပြန်ဆပ်ပါရစေနော်။"
alviz"belle....."
belle"အကိုငြင်းမယ်ဆိုရင်belleစိတ်ဆိုးတော့မှာနော်....."
alviz"အကို့အတွက်များများပိုချက်လို့ပြောမလို့ပါ....."
belle"အကိုကတော့လေ....."
belleအကို့ကြောင့်ပြုံးလိုက်မိတော့သည်။
belle"belleသွားတော့မယ်နော်။"
belleအကို့ကိုနှုတ်ဆတ်ပြီးအလုပ်သွားဖို့ပြင်လိုက်တယ်။  
         belleကိုကို့ကိုကျောခိုင်းလိုက်တဲ့အချိန်မှာကလေးလေးတယောက်ကပြေးလာပြီးbelleကို၀င်တိုက်သွားတယ်.....belleလည်းအနောက်ကိုယိုင်ပြီးလဲကျသွားခါနီးအကိုကbelleကိုလဲကျမသွားအောင်ထိန်းပေးလို့လဲကျမသွားတော့ဘူး။ဟူး.....တော်သေးတယ်....လဲကျသွားရင်အရမ်းနာမှာ။

   🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

       belleတွေးနေရင်းမော့လိုက်တော့ကိုကိုနှင့်မျက်လုံးချင်းဆုံသွားပြီးသူ့ရဲ့ညှို့အားပြင်းတဲ့အကြည့်တွေကနေbelleရုန်းမထွက်နိုင်ခဲ့ဘူး....သူ့အကြည့်တွေကအရမ်းတွဲဆောင်မူရှိလွန်းတယ်.....belleနှလုံးသားလေးကသံစဥ်အချို့ထွက်ပေါ်လာတော့တယ်။
    ကျွန်တော့်ရင်ခွင်ထဲရောက်နေတဲ့belleလေးကကလေးလေးလိုဖြူစင်ပြီးအရမ်းချစ်ဖို့ကောင်းလွန်းနေတယ်.....သူမရဲ့စတော်ဘယ်ရီသီးလေးလိုနီရဲပြီးပြည့်ဖောင်းနေတဲ့နှုတ်ခမ်းသားနုနုလေးကိုkissပေးချင်နေမိတဲ့စိတ်ကိုထိန်းထားနေရတာအမော....ဖြစ်နိုင်ရင်သူမကိုကျွန်တော့်အပိုင်အဖြစ်လက်တွဲပြီး"ဒါကျွန်တော့်ချစ်သူလေး"ဆိုပြီးတစ်လောကလုံးကိုကြေညာလိုက်ချင်မိတော့သည်။
belle"ကျေးဇူးပဲနော်....အကို။"
belleသူ့ရင်ခွင်ထဲကအမြန်ရုန်းထွက်ပြီးသူ့ရှေ့ကနေပြေးထွက်လာခဲ့လိုက်တယ်....အဲ့လိုမှမလုပ်ရင်belleနှလုံးခုန်သံကိုကိုကိုကြားသွားမှာသေချာတယ်....နှလုံးသားလေးရေရှက်ဖို့ကောင်းလောက်ဘာလို့ခုန်နေတာလဲ.......

      ကျွန်တော့်ကိုကျောခိုင်းပြီးထွက်သွားသည့်ချစ်ရသည့်ကောင်မလေးကိုငေးကြည့်နေမိတော့သည်.....သူမလေးရဲ့အရိပ်လေးပျောက်ကွယ်သွားမှကျွန်တော်လည်းcompanyကိုထွက်လာခဲ့လိုက်တယ်....လမ်းတလျှောက်လုံးသူမလေးရဲ့တောက်ပတဲ့အပြုံးလေးတွေကိုပဲမြင်ယောင်နေမိတော့တယ်.....ဒါကအချစ်ပဲကိုးလို့ကျွန်တော်တွေးလိုက်မိတော့သည်။

       company ရောက်လာကတည်းကပြုံးပဲပြုံးနေသည့်bossဖြစ်သူကိုထက်မြတ်ကြည့်ရင်းသူငယ်ချင်းဖြစ်သူတခုခုတော့ထူးခြားနေတယ်ဆိုတာသိလိုက်ပါတယ်။

ထက်မြတ်"boss..ပြုံးလှချည်လား....ကြည့်ရတာပျော်စရာကိစ္စရှိနေတယ်ထင်တယ်....ကျွန်တော့်ကိုလည်းပျော်စရာကိစ္စshareပါအုန်း.....အပျော်တွေကူးစက်သွားအောင်လို့။"

alviz"ဘာရယ်မဟုတ်ပါဘူးကွာ....ဒီလိုပါပဲ....သူမနှင့်အဆင်ပြေနေတော့ပျော်တာပေါ့ကွာ.....ဒါနှင့်လေ...တခုထူးခြားတာရှိတယ်။"

ထက်မြတ်"ဘာများလဲ.....bossရဲ့...ပြောပြပါအုန်း။"

alviz"ငါညတိုင်းကြောင်အဖြစ်ပြောင်းသွားတတ်တာမင်းလည်းသိတာပဲ.....သူမနှင့်တွေ့ပြီးကတည်းကငါကြောင်အဖြစ်သိပ်မပြောင်းတော့ဘူး.....အဲ့တာအရမ်းထူးခြားတယ်။"

ထက်မြတ်"really!!!so amazing ပဲ.....ကျွန်တော့်အထင်ပြောရမယ်ဆိုရင်အဲ့တာbossအချစ်စစ်နှင့်တွေ့သွားလို့ပဲဖြစ်မယ်။"

alviz"ငါအချစ်စစ်နှင့်တွေ့တာနှင့်အခုကိစ္စနှင့်ကဘာဆိုင်လို့လဲ???"

ထက်မြတ်"bossကလည်းအလိုက်တာ.....fairy tale တွေမဖတ်ဖူးဘူးလား???"

alviz"ကလေးတွေဖတ်တာကိုငါကဘာလို့ဖတ်ရမှာလဲ???"

ထက်မြတ်"ထားပါ....ကျွန်တော်ပြောပြမယ်....နတ်သမီးပုံပြင်တွေမှာဆိုရင်မင်းသားလေးကမင်းသမီးဆီကအချစ်စစ်ရဲ့အနမ်းရမှကျိန်စာကလွတ်သွားမှာလေ.....အဲ့တာကြောင့်မင်းသားကအချစ်စစ်ကိုတွေ့မှဖြစ်မှာလေ.....အခုbossလည်းအချစ်စစ်နှင့်တွေ့နေပြီဆိုတော့တဖြေးဖြေးနှင့်ကြောင်ဖြစ်နေတဲ့ကျိန်စာကတဖြေးဖြေးနှင့်ပြေပျောက်လာတာဖြစ်မှာပေါ့....သူမဆီကအချစ်စစ်အနမ်းသာbossရခဲ့မယ်ဆိုရင်ကြောင်ဖြစ်နေတာတွေတသက်လုံးပျောက်သွားတော့မယ်ထင်တယ်....bossကတော့ကံကောင်းတာပဲ....အချစ်စစ်ကိုရှာတွေ့တာ..."

ထက်မြတ်စကားကြောင့်ကျွန်တော်ပြုံးလိုက်မိတော့သည်.....ဟုတ်တာပေါ့...အချစ်စစ်ကိုရှာတွေ့တာလောက်ကံကောင်းတဲ့ကိစ္စဘယ်ရှိတော့မှာလဲ.......

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

Chapter-10 coming soon🫧🫧🫧🫧🫧

                   🍰🍰author-yoon mieno🍰🍰

no one but youWhere stories live. Discover now