💋💋💋chapter-15💋💋💋

332 2 0
                                    

belle"အမေ....ဈေးရောင်းကောင်းရဲ့လား???"

ဒေါ်ချစ်လေးဆွေ"ကောင်းပါတယ်....သမီးရဲ့.....ကင်လို့တောင်မနိုင်ဘူး....သမီးရယ်...၀န်ထမ်းကောင်မလေး၂ယောက်ဆိုအလုပ်လုပ်ရတာလက်တောင်မလည်ဘူး....ဒီနေ့ဆိုအသားတင်အမြတ်၁သိန်းတောင်ကျန်တယ်။"

belle"ဟုတ်လား???အမေ့ဆိုင်ကတော်တော်ရောင်းကောင်းတာပဲ။"

ဒေါ်ချစ်လေးဆွေ"ဟုတ်တယ်....သမီရေ...အမေလည်းပျော်နေတာ....ရည်မှန်းထားတဲ့ပိုက်ဆံစုပြည့်ရင်သမီးအဖေနှင့်နှစ်ဖက်အဘိုးအဘွားအတွက်ရည်စူးပြီးဘုန်းကြီးကျောင်းလေးတကျောင်းဆောက်လှူပလိုက်အုန်းမယ်။"

belle"အင်း....သိပ်မကြာခင်ပြည့်တော့မှာပါ....အမေရဲ့....သမီးလည်းအဲ့အတွက်စုထားပါတယ်။"

ဒေါ်ချစ်လေးဆွေ"အင်း...တနေ့တော့ဖြစ်လာမှာပေါ့ကွယ်။စား....စား...သမီး....အမေစကားပြောနေတာနှင့်အမေ့သမီးအစားပျက်သွားအုန်းမယ်.....ဆေးရုံမှာလည်းပင်ပန်းလာခဲ့ရတာ....အာဟာရရှိအောင်....များများစားနော်သမီး။"

belle"ဟုတ်....အော်...ဒါနှင့်အမေခွဲစိတ်ထားတာအဆင်ပြေရဲ့လား???နေမကောင်းတာကိုကြိတ်မှိတ်ပြီးအလုပ်တွေအရမ်းမလုပ်နှင့်နော်....အမေ့ကျန်းမာရေးကအားလုံးထက်ပိုအရေးကြီးတယ်နော်....မေမေ။"

ဒေါ်ချစ်လေးဆွေ"အမေ....သိပါတယ်....အမေကျန်းမာရေးကောင်းတုန်းလုပ်နိုင်တဲ့အရာလေးလုပ်သွားချင်လို့ပါ။"

        အမေကမနက်ဈေးရောင်းဖို့အတွက်ပြင်ဆင် စရာရှိတာပြင်ဆင်ရအောင်မီးဖိုခန်းထဲ၀င်သွားတာကြောင့်belleတို့သားအမိစကားစပြတ်သွားတော့သည်။

   🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

      ညနေစာစားပြီးတော့မေမေ့ကိုနင်းပေး၊နှိပ်ပေးပြုစုပေးလိုက်တယ်....မေမေပင်ပန်းတာတွေပျောက်သွားအောင်လို့ပေါ့.....မေမေ့ကိုပြုစုပေးပြီးတော့kittyလေးနှင့်ဆော့ဖို့သူ့ကိုချီပြီးအခန်းထဲအတူတူ၀င်လာခဲ့လိုက်၏။

      kittyလေး.....မင်းကဘာလို့ဒီလောက်တောင်ချစ်ဖို့ကောင်းတာလဲ???ကြာလေချစ်ဖို့ကောင်းလေဖြစ်လာသည့်kittyလေးကိုကြည့်ပြီးပြောလိုက်မိခြင်းပင်ဖြစ်၏။belleကြောင်လေးရဲ့နူးညံ့တဲ့အမွှေးလေးကိုပွတ်သပ်ပေးရင်းအချစ်တွေလည်းတစတစနှင့်ဒီချစ်စရာကောင်းသည့်kittyလေးအပေါ်အချစ်တွေတိုးသထက်သာတိုးလာတော့သည်။

no one but youWhere stories live. Discover now