💋💋💋chapter-4💋💋💋

666 5 0
                                    

မြတ်"တကယ်???ဟယ်....၀မ်းသာလိုက်တာသူငယ်ချင်းရေ....အခုလိုအလှူရှင်ပေါ်လာတာနင်အရမ်းကံကောင်းတာပဲသိလား!!!ဒါနှင့်အဲ့အလှူရှင်ကဘယ်သူလဲ???"
belle"alvizလေ....alvizလို့ခေါ်တယ်။"
မြတ်"alviz....alviz...ဒီနာမည်ငါရင်းရင်းနှီးနှီးကြားဖူးသလိုပဲ....အော်....သိပြီ...သိပြီ....သူကငါ့အဖေအလုပ်လုပ်နေတဲ့companyရဲ့ဥဣဌလေ...."
belle"ဟင်!!!ဟုတ်လား???ဟုတ်မှလည်းလုပ်ပါဟာ....နာမည်တွေဘာတွေမှားနေအုန်းမယ်။"
မြတ်"ဟယ်!!!မှားစရာအ​ကြောင်းမရှိပါဘူး....သူမှသူအစစ်....သူကလျှို့ဝှက်ချက်များပြီးအေးစက်တဲ့မင်းသား​လေးလို့​ပြောရမှာပဲ...."
belle"ဘာဖြစ်လို့လဲ???"
မြတ်"အိမ်အကူ​​တွေကိုလည်း​​နေ့ခင်းဖက်ပဲလာခိုင်းပြီးညဖက်ဆိုအကုန်အိမ်ပြန်ခိုင်းတာတဲ့....ညဖက်ဆိုသူတ​ယောက်တည်း​နေတာတဲ့....ပြီးတော့ညဖက်တွေအလုပ်ကိစ္စရှိလို့အလုပ်သမားတွေဖုန်းဆက်တယ်ဆိုရင်လည်းဘယ်တော့မှမကိုင်ဘူးတဲ့....အဓိကငါဆိုလိုချင်တာကသူကညဖက်ဆိုရင်ပျောက်ပျောက်သွားတတ်တယ်ဆိုတာပဲ....oasis companyမှာကအဲ့အကြောင်းကလူပြောအများဆုံးပဲ။"
belle"ဟယ်!!!ဟုတ်လား.....ထူးဆန်းလိုက်တာ။"
မြတ်"အဲ့တာကြောင့်ငါပြောတာပေါ့....သူကလျှို့ဝှက်ချက်များပြီးအေးစက်တဲ့မင်းသားလေးလို့။"
belle"အေးပါ....သူ့ကဘာပဲဖြစ်ဖြစ်ငါ့အမေကိုကယ်ပေးတဲ့ကျေးဇူးရှင်ဖြစ်သွားပြီလေ.....ငါကတော့အတတ်နိုင်ဆုံးသူ့ကိုလေးလေးစားစားဆက်ဆံပြီးအခြေအနေပေးရင်သူ့ကျေးဇူးကိုပြန်ဆပ်ခွင့်ကြုံရင်လည်းငါဆပ်ချင်တယ်။"
မြတ်"​နင်ကစိတ်​ကောင်းရှိတဲ့သူဆိုတာငါသိပါတယ်ဟာ....အဲ့တာကြောင့်လည်းနင့်ကိုအခုလိုကူညီ​ပေးတဲ့အလှူရှင်​ပေါ်လာတာ​ပေါ့....သူငယ်ချင်းရယ်....နင့်အတွက်ငါအရမ်း၀မ်းသာတာပဲ။"

🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

​မေ​မေ့ခွဲစိတ်မူ့အတွက်ပူစရာမလို​တော့ဘူးဆို​တော့belleအရမ်းပဲ၀မ်းသာ​နေတာ​ပေါ့ရှင်....belleလေထဲပျံဝဲ​နေတဲ့လိပ်ပြာ​လေးတ​ကောင်လို့​ပေါ့ပါးကာအရာရာဟာကြည်နူးစရာ​ကောင်း​နေ​တော့သည်....ကမ္ဘာကြီးတခုလုံးပိုင်ဆိုင်လိုက်ရသလိုမျိုးခံစားရတယ်။
ဒီ​​နေ့က​မေ​မေခွဲစိတ်မဲ့​နေ့​လေ.....belleမေမေ့အတွက်အရမ်းစိတ်ပူနေတာ.....ခွဲစိတ်ခန်းရှေ့မှာဘုရားစာရွတ်ရင်းဟိုကနေဒီ၊ဒီကနေဟိုအခေါက်ခေါက်အခါခါလျှောက်နေမိတော့သည်။
အဲ့အချိန်မှာကိုalvizကbelleဆီလာနေတာတွေ့လိုက်ရတယ်....လက်ထဲမှာလည်းအထုတ်တွေသယ်လာတယ်လေ။
alviz"အန်တီခွဲစိတ်ခန်း၀င်သွားပြီလား???"
belle"ဟုတ်ကဲ့....အမေကစောနလေးကမှ၀င်သွားတာ။"
alviz"ဟုတ်လား???ဒါ​လေးကအန်တီ့အတွက်လိုအပ်မယ်ထင်တာ​လေး​တွေ၀ယ်ခဲ့တာပါ...."
ကိုalvizက​ပြောရင်းbelleကိုပြောရင်းလက်ထဲကပစ္စည်း​တွေ​ပေးရင်း​ပြောလ်ုက်တယ်။
belle"အကိုရယ်....ဘာလို့အများကြီး၀ယ်လာတာလဲ???အားနာစရာကြီး။"
alviz"အကို့ရဲ့​စေတနာပါ....​စေတနာသန့်သန့်နှင့်​ပေးတာမို့ဘယ်လိုမှသ​ဘောမထားပဲစိတ်သန့်သန့်နှင့်လက်ခံ​ပေးပါ​​နော်။"
belle"​ကျေးဇူးပါ....အကို....အကို​ကြောင့်အ​မေ​ရောဂါကိုအခုလိုကုသနိုင်တာပါ....belleအကို့ကိုအရမ်း​ကျေးဇူးတင်ပါတယ်။"
alviz"အဲ့လိုလည်း​မပြောပါနှင့်ဗျာ....ကျွန်​တော်က​ဆေးရုံစရိတ်ထုတ်​ပေးရုံပါ....belleကသာအရာအားလုံးထက်ပင်ပန်းတဲ့သူပါ။အားမငယ်နှင့်​.....ကို​လျှောက်ရမဲ့လမ်းကိုသတ္တိရှိရှိနှင့်ဆက်​လျှောက်​နော်။"

🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

သူ့ရဲ့စကားတွေကbelleကိုအရမ်းပဲအားရှိစေတယ်....အခုမှတွေ့တဲ့သူဆိုပေမဲ့လည်းသူကနွေးထွေးတဲ့နှလုံးသားပိုင်ရှင်ဆိုတာbelleခံစားမိတယ်။
သူကbelleနှင့်အတူမေမေခွဲခန်းထဲ၀င်တာကိုစောင့်နေပေးတယ်။
nurse"ဒေါ်ချစ်လေးဆွေရဲ့လူနာရှင်တွေလားရှင့်။"
belle"ဟုတ်ပါတယ်ရှင့်.....ကျွန်မကသူ့သမီးပါ။"
nurse"ဟုတ်တဲ့....လူနာအရေးတကြီးသွေးသွင်းဖို့လိုအပ်နေပါတယ်....လူနာရဲ့သွေးကလည်းရှားတဲ့ABသွေးဖြစ်နေတာကြောင့်ဆေးရုံမှာမရှိဘူးဖြစ်နေတယ်ရှင်။အဲ့တာညီမရဲ့သွေးအမျိုးအစားလည်းသိပါရစေ....သားအမိဆိုတော့သွေးတူရင်တခါတည်းသွေးသွင်းပေးလို့ရအောင်လို့ပါ။"
belle"အဲ့တာမှဒုက္ခပဲရှင်.....ညီမကAသွေးဖြစ်နေတယ်ရှင်။"
nurse"အော်!!!ဟုတ်လား???အဲ့တာဆိုကျွန်မတို့သွေးဌာနနှင့်အခြားဆေးရုံကိုဆက်သွယ်ပြီးအဆင်ပြေအောင်ဆောင်ရွက်ပေးမယ်နော်....ညီမလေး....ညီမလေးအမေအတွက်ဘာမှမစိုးရိမ်နှင့်နော်။"
belle"ဟုတ်ကဲ့...ကျေးဇူးပါပဲ။"
alviz"နေပါအုန်း....အန်တီသွေးကABသွေးလား???"
belle"ဟုတ်တယ်....အကို...မေမေသွေးသွင်းဖို့ABသွေးလိုနေတာလေ။"
alviz"ကျွန်တော်လည်းABသွေးပဲ....ကျွန်တော်သွေးသွင်းလို့ရမယ်ဆိုရင်ကျွန်တော်သွေးလှူချင်ပါတယ်။"
nurse"ရှင်ကABသွေးလား???အဆင်သင့်တာပေါ့ရှင့်...သွေးသွင်းဖို့လိုအပ်တဲ့စစ်ဆေးချက်တွေလုပ်ဖို့ကျွန်မနှင့်လိုက်ခဲ့ပေးပါရှင်။"
alviz"ဟုတ်ကဲ့။"

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

chapter-5 coming soon🫧🫧🫧🫧🫧

🍰🍰author-yoon mieno🍰🍰

no one but youWhere stories live. Discover now