💋💋💋chapter-23💋💋💋

279 2 0
                                    

alviz"ကို့ချစ်သူလေး....ဘာစားချင်လဲ???ကြိုက်တာမှာနော်...ကလေး။"

ဘေးမှာရပ်နေသည့်၀ိတ်တာကောင်လေးကိုတောင်ဂရုမစိုက်ပဲချစ်သူလေး၊ကလေးလို့ခေါ်နေသည့်ကိုကိုကြောင့်belleမျက်နှာပူနေရတော့သည်....ဒီလူကြီးကတော့ဘာမှန်းကိုမသိဘူး...တို့ကသူ့ချစ်သူ၊သူ့ကောင်မလေးဆိုတာတလောလုံးကိုအသိပေးမလို့လားမသိဘူး...ဒီလူကြီးကတော့တော်တော်ခက်တာပဲ....

belle"အင်း....တို့ကပေါက်စီတလုံးနှင့်လက်ဖက်ရည်ချိုစိမ့်တခွက်...ပြီးရင်ကွေ့တယိုတပွဲ။"

၀ိတ်တာ"ဟုတ်ကဲ့...အကိုလေးကရောဘာသုံးဆောင်မလဲဗျ။"

alviz"ကို့ချစ်သူမှာတဲ့အတိုင်းပဲကွာ....."

ကိုကိုပြောလိုက်သည့်စကားကြောင့်၀ိတ်တာလေးကရယ်ကာထွက်သွားလေတော့သည်....

       ကိုကိုကတော့တကယ်ပါပဲ...တို့ကိုမျက်နှာပူအောင်သိပ်လုပ်....

alviz"မီးမီးလေးရောဘာတွေလုပ်နေလဲ???"

belle"သူ့ကိုမေမေကြည့်ထားပေးလိမ့်မယ်....သေချာစဥ်းစားကြည့်မှမီးမီးလေးကိုနာမည်တောင်မမှည့်ပေးရသေးဘူးပဲ။ကိုမီးမီးလေးအတွက်နာမည်စဥ်းစားမိတာရှိလား???"

alviz"အင်း...စဥ်စားမိတာတော့မရှိပါဘူး...ဒါပေမဲ့ကိုကတော့မီးမီးလေးလို့ခေါ်တာကိုသဘောကျတယ်....ကိုတို့ရဲ့သမီးလေးလိုဖြစ်နေတော့မီးမီးလေးလို့ခေါ်တာကောင်းမယ်ထင်တယ်။"

belle"အင်း...ဟုတ်တယ်နော်....မီးမီးလေးဆိုတဲ့နာမည်ကချစ်ဖို့ကောင်းပြီးလှတယ်...သူလေးကိုမီးမီးလေးလို့ပဲခေါ်တာပေါ့။ကိုသွားရင်မီးမီးလေးနှင့်ပဲအချိန်ကုန်ရတော့မှာ။"

alviz"အဲ့တာကြောင့်မီးမီးလေးကိုမင်းအတွက်၀ယ်ပေးခဲ့တာလေ....ကိုကမင်းအနားမှာခဏတဖြုတ်မရှိနိုင်ဘူးလေ....ကိုမရှိတဲ့အချိန်မီးမီးလေးကကို့အစားမင်းလေးကိုအဖော်လုပ်ပေးလိမ့်မယ်။"

belle"belleသိပါတယ်....ဒါပေမဲ့နော်အဖော်ပြုပေးမဲ့မီးမီးလေးရှိတယ်ဆိုပြီးအကြာကြီးပစ်ထားလို့ကတော့စိတ်ကောက်ပစ်လိုက်မှာ"

alviz"ကိုကကို့ချစ်သူလေးကိုပစ်ထားစရာလား???မင်းလေးသာမီးမီးလေးကိုကို့ထက်ပိုပြီးမချစ်မိနှင့်နော်....ကိုသ၀န်တိုတယ်။"

no one but youWhere stories live. Discover now