💋💋💋chapter-31💋💋💋

266 0 0
                                    

      ကျွန်တော်ဒီနေ့အိပ်လို့တောင်မပျော်ပေ......မနက်ဖြန်သူမလေးနှင့်ကျွန်တော်၂ယောက်တည်းခရီးသွားရမှာလေ....ပျော်ပြီးတော့ရင်တွေလည်းခုန်နေတယ်ဗျာ.....မနက်ဖြန်မြန်မြန်ရောက်ချင်မိတော့သည်......

       သာယာတဲ့မနက်ခင်းလေးမှာကျွန်တော်ရေမိုးချိုးအ၀တ်အစားလဲကာသူမလေးဆီသွားဖို့ပြင်လိုက်တယ်......

alviz"ထက်မြတ်....စောလှချည်လား???ဘယ်လိုဖြစ်တာလဲ???"

ထက်မြက်ကိုလေဆိပ်လိုက်ပို့ပေးဖို့ပြောထားတာကြောင့်စောစောစီးစီးရောက်လာခြင်းပင်ဖြစ်၏။

ထက်မြတ်"ဒီလိုပါပဲ....အိပ်ယာကစောစောနိုးလာတာနှင့်တန်းထွက်လာလိုက်တာ။ကျွန်တော်စောစောထွက်လာတော့bossကောင်မလေးနှင့်စောစောတွေ့ရတာပေါ့....မဟုတ်ဘူးလား???"

alviz"အွန်း.....ဟုတ်တာပေါ့ကွာ။ပြောနေတာအချိန်ကုန်တယ်....အခုပဲသွားကြရအောင်။"

ထက်မြတ်"bossတို့များမလွယ်ဘူးနော်...ချစ်သူလေးတယောက်ရတာနှင့်တသက်လုံးအတူရှိလာတဲ့သူငယ်ချင်းကိုထားပစ်ခဲ့တယ်....သစ္စာဖောက်ပဲ။"

alviz"ဟ...အဲ့တာတော့ငါလည်းမတတ်နိုင်ဘူး....ကလေးကအရာအားလုံးထက်အရေးကြီးတယ်....ငါအတွက်တော့ကလေးကအရာအားလုံးဦးစားပေးရမှာပဲ....မင်းလည်းချစ်သူချောချောလေးတယောက်ထားကြည့်လိုက်....ငါ့ခံစားချက်တွေကိုနားလည်သွားလိမ့်မယ်။"

ထက်မြတ်"တော်ပါပြီဗျာ....အဲ့ခံစားချက်ကိုနားမလည်ရင်လည်းထားလိုက်တော့....ကို့အပူတေ့ကိုမရှာချင်ပါဘူးဗျာ။ကန်တော်ကလူပျိုကြီးပဲလုပ်မှာ....အပူတော့လုံး၀မရှာဘူး။"

alviz"အေးပါ...စောင့်ကြည့်နေပါအုန်းမယ်....မင်းစကားလေးကိုတော့မှတ်ထားလိုက်ပေါ့ကွာ။နောက်မှဖိတ်စာရောက်လာလို့ကတော့တွေ့ပြီသာမှတ်ထား။"

     ကျွန်တော့်စကားကိုထက်မြတ်ကပြုံးစိစိလုပ်နေလေရဲ့။ကျွန်‌တော်နှင့်ထက်မြတ်သူမအိမ်ကိုပဲတန်းထွက်လာခဲ့လိုက်တော့သည်.......

   🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

         သူမလေးအိမ်ရှေ့ရောက်တာနှင့်မြတ်နိုးရသည့်ကျွန်တော့်နတ်သမီးလေးကိုတွေ့လိုက်ရလေတော့သည်.......နတ်သမီးလေးတမျှချောမောလှပနေသည့်သူမလေးကိုမြင်လိုက်ရတဲ့အခါတိုင်းကျွန်တော်ရင်တွေအရမ်းပဲခုန်နေမိတယ်....သူမလေးနှင့်ချစ်သူဖြစ်နေတာကိုအခုထိအိမ်မက်လို့ထင်နေတုန်းပါပဲဗျာ.....

no one but youWhere stories live. Discover now