💋💋💋chapter-25💋💋💋

283 1 0
                                    

nurse"ဆရာမလေးရောက်လာပြီလား???ဒီမှာဆရာမလေးကိုလူတယောက်ကဒီဟာလေးပေးခိုင်းလို့။"

belle"ဟုတ်ကဲ့...."

    တို့ကြည့်ရသလောက်တော့သရေစာမုန့်တွေလို့ထင်တာပဲ.....အထဲကိုဖွင့်ကြည့်လိုက်တော့တို့ထင်တဲ့အတိုင်းပါပဲသရေစာမုန့်အချို့နှင့်အအေးဘူးတွေကိုတွေ့လိုက်ရတယ်....ဘယ်သူပေးတာပါလိမ့်???belleအတွေးနယ်ချဲ့နေမိတော့သည်.....

မြတ်"ဟဲ့.....ဟိုမှာစာတစောင်ပါတယ်....ဖတ်ကြည့်လိုက်လေ။"

မြတ်ပြောမှမုန့်တွေကြားကစာရွက်လေးတခုကိုတွေ့လိုက်ရသည်....အဲ့တာနှင့်အချိန်မဆိုင်းတော့ပဲချက်ချင်းပင်စာရွက်လေးကိုဖွင့်ကာဖတ်လိုက်၏

       *ကို့ရဲ့ချစ်သူလေးအလုပ်တွေများပြီးဗိုက်ဆာနေမှာဆိုးလို့ကိုမုန့်၀ယ်ပေးခဲ့တယ်....ကို့ချစ်သူလေးအဆာလွန်ပြီးရောဂါဖြစ်လို့မရဘူးနော်....ကိုနှလုံးသားလေးကြွေမွသွားလိမ့်မယ်.....မနက်ဖြန်ကိုမင်းကိုလာကြိုမယ်နော်....

                                 alviz*

စာကိုဖတ်ကြည့်လိုက်မှဘယ်သူပေးလဲဆိုတာကိုသိလိုက်ရတယ်....ကိုကိုမှန်းသိလိုက်ရတော့အလိုလိုပင်ပြုံးလိုက်မိတော့သည်

မြတ်"မိန်းမပြုံးလို့ပါလား???စာထဲမှာဘာတွေပါလို့လဲ???ပြစမ်း။"

မြတ်ကတို့ဆီကစာကိုယူကာဖတ်ကြည့်လိုက်၏.....

မြတ်"အော်.....ဒါကြောင့်ရှင်ကအဲ့လောက်ထိပြုံးနေတာကိုး....မဆိုးပါဘူးလေ....ရှင့်လူကြီးကကို့ချစ်သူကိုဂရုစိုက်တတ်သားပဲ....သတင်းတွေကြားထားသလိုသွေးအေးတဲ့သူမဟုတ်လို့တော်သေးတယ်။"

belle"နင်ကလည်းငါ့ကိုကိုကအဲ့လိုမဟုတ်ပါဘူးဟ....ငါ့ကိုလေသံမာမာနှင့်တောင်ပြောဖူးတာမဟုတ်ဘူး။"

မြတ်"အေးပါ....စောင့်ကြည့်ရသေးရတာပေါ့...ငါ့သူငယ်ချင်းကိုနှိတ်စက်လို့ကတော့ဒင်းမလွယ်ဘူးမှတ်။"

belle"ငါ့မှာနင်ပဲရှိတယ်....."

မြတ်ရဲ့လက်မောင်းလေးကိုဖက်ပြီးချွဲ့နွဲ့ကာပြောလိုက်သည်......

      🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

belle"အော်.....မေ့တော့မလို့....ဟိုတနေ့ကဘုန်းမြတ်ငါ့ဆီဖုန်းဆက်တယ်....သူဖုန်းခေါ်တာနင်ဖုန်းမကိုင်လို့တဲ့....သူ့ကိုဖုန်းပြန်ခေါ်ဖို့နင့်ကိုပြောခိုင်းနေတယ်...."

no one but youWhere stories live. Discover now