💋💋💋chapter-17💋💋💋

297 1 0
                                    

  waiterကမှာထားသည်များကိုcakeနှင့်coffeများလာချပေးတာကြောင့်belleတို့စကားဆက်မပြောဖြစ်တော့ချေ....

alviz"belleလေး....ကော်ဖီပူတုန်းလေးသောက်လေ...အေးသွားရင်သောက်လို့မကောင်းတော့ဘူး။"

belle"ဟုတ်...."

belleကော်ဖီပူပူလေးသောက်ပြီးတော့ကိတ်ကလေးကိုခရင်းလေးနှင့်ဖဲ့ကာစားလိုက်၏။

နှလုံးသားကခံစားချက်တွေကြောင့်စားနေသည်များကအရသာမရှိတော့ပေ....အရသာရှိတဲ့ကော်ဖီကရေသောက်နေရသလိုဖြစ်နေပြီးချို၍နူးညံသည့်ကိတ်ကဘာအရသာမပါသည့်ပါမုန့်ဖြူတချပ်၏အရသာလိုသာဖြစ်နေခဲ့သည်။

belle"ကိုကို...."

belleခေါ်လိုက်တာကြောင့်ကိုကိုကသောက်လက်စကော်ဖီခွက်ကိုအောက်ခံပန်းကန်ပြားထဲကိုထည့်၍belleကိုနူးညံ့တဲ့အကြည့်တွေနှင့်တယုတယငေးကြည့်ရင်း.....

belle"ကိုကိုမသွားလို့မရဘူးလားဟင်???"

    မျက်နှာငယ်လေးနှင့်ပြောလိုက်သည့်သူမလေးကြောင့်ကျွန်တော့်နှလုံးသားစူးကနဲအောင့်သွားရသည်။

   🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

alviz"မသွားလို့တော့ဘယ်ဖြစ်ပါ့မလဲ....belleလေးရဲ့။"

     သူမလေးရဲ့နူးညံ့တဲ့လက်ကလေးကိုကိုင်လိုက်ရင်းပြောလိုက်သည်။

alviz"ကို့ကိုမှီခိုနေတဲ့မိသားစုတွေကအများကြီးပဲလေ....ကိုသူတို့အတွက်သွားမှဖြစ်မယ်မှာပေါ့။"

       ခေါင်းငုံ့ထားတာ၍ဆံပင်လေးတွေကအရှေ့ဖက်ကိုကျနေတာကြောင့်ဆံစလေးတွေကသူမလေးရဲ့မျက်နှာလေးကိုကွယ်၀ှက်ထားတော့သည်။

alviz"မျက်နှာလေးပြပါအုန်း...မခွဲခင်လေးသေချာကြည့်ချင်လို့ပါ...."

      သူမလေးရဲ့နက်မှောင်အိဆင်းနေတဲ့ဆံသားလေးကိုသပ်တင်ရင်းပေါ့.....

သူမလေးရဲ့မျက်နှာကမိနစ်ပိုင်းအတွင်းကိုချောင်ချသွားတာကိုကျွန်တော်သိလိုက်ရတော့စိတ်မကောင်းတော်တော်ဖြစ်သွားရသည်။

belle"belleဆီဖုန်းတော့ဆက်မယ်မလားဟင်???"

alviz"ဆက်မှာပေါ့...ကိုညတိုင်းဖုန်းဆက်မယ်။"

no one but youWhere stories live. Discover now