Ep - 6

2.9K 162 8
                                    

ကားလမ်းမကြီးနားမှာ နေတဲ့ တိုက်အိမ်တွေရဲ့ အိမ်ရှေ့ လူသွားလမ်း ပလက်ဖောင်းပေါ်တွင် ကောင်လေး နှစ်ယောက် လမ်းလျှောက်နေကြသည်။

လမ်း အတူလျှောက်ကြတယ်ဆိုတာထက် အရပ်နည်းနည်းရှည်ပြီး ရှေ့က သွားနေတဲ့ တစ်ယောက် နောက်ကို အရပ် ၅ ပေ ၁၁ လောက် ရှိတဲ့ အရပ်နဲ့ ကောင်လေး တစ်ယောက်က နောက်က လိုက်ပြီး စကား ပြောဖို့ ကြိုးစားနေတာဆို ပိုမှန်ပါတယ်။

' ဝမ်ရှောင်း ... မင်း ဘာလို့ ငါ့နောက် လိုက်နေတာလဲ။ ငါ အလုပ် သွားရမယ်လို့ ပြောပြီးပြီလေ။ ပြီးတော့ အဲ့ဒီ ကား ကရော ဘာလို့ ငါတို့ နောက် လိုက်နေတာလဲ။'

ရှောင်းရှောင်း သူ့ကို မကြည့်ပဲ မေးလာတဲ့ ရှောင်း ကို သူကလည်း အနောက်မှာ ကား နဲ့ လိုက်လာတဲ့ ရိပေါ် ကို လှည့်မကြည့်ပဲ ဖြေလိုက်သည်။

' နောက်က လိုက်နေတယ်ဆိုတာ ရှောင်း ကို ငါ့ကားနဲ့ ခေါ်တာ မလိုက်လို့လေ။ ပြီးတော့ အဲ့ ငါတို့နောက် လိုက်နေတဲ့ ကား ကကျ ငါ အခု ရှောင်း နောက် လိုက်နေလို့ သူက စိတ်မချပြီး နောက်က လိုက်နေတာ။ ရှင်းပြီလား ...။'

ရိပေါ် ရှောင်း က ကား ပေါ် တက်ဖို့ခေါ်တာကိုလည်း မလိုက်ပဲ၊ အခု ရှောင်း က နောက်က တကောက် ကောက် လိုက်ပြီး စကားပြောတာတောင် အဖက်မလုပ်တဲ့ အဲ့ဒီ " ရှောင်း" ဆိုတဲ့ နာမည်နဲ့ ပိန်ညောင်ညောင်နဲ့ တစ်ယောက်ကို မြင်တာနဲ့ ကြည့်မရ ဖြစ်သွားတယ်။ သူက ဘာမို့လို့ ရှောင်း ကို လျစ်လျူရှူ ရတာလဲ။

' ကား ကို ရပ်လိုက် ...။'

ရိဖုန်း ဆရာ့ဆီက အသံ ထွက်လာပေမယ့် သူ့ကို အရင် ကြည့်လာတဲ့ ကား သမား ကို ခေါင်းညိတ်ပြလိုက်သည်။

ရိပေါ် ကား ရပ်သွားတာနဲ့ ကား ပေါ်က ဆင်းပြီး ရှောင်း ရဲ့ အရှေ့မှာ ခပ်သွက်သွက် လျှောက်နေတဲ့ တစ်ယောက်ကို ဘာစကားမှ မပြောပဲ ဒူးခေါင်းအောက်ကနေ မ ပြီး ချီ လာလိုက်တယ်။

' အ ...

ဟင် ...'

ရှောင်းကျန့် ရုတ်တရက်ကြီး အ ချီ ခံ လိုက်ရတာကြောင့် လက် နှစ်ဖက်က ယောင်ပြီး သူ့ကို လာ ချီ တဲ့ လူရဲ့ လည်ပင်းကို ချိတ်လိုက်မိတယ်။

Love is Evil  ( Completed )Where stories live. Discover now