Ep - 11

2.2K 127 6
                                    

Wang အိမ်တွင် အိမ်ရှေ့မှာ ကား တစ်စီး ထိုးရပ်လာသည်။

' လာ ... ရှောင်း ...။'

' ရိလုံ တော့ ငါ့ကို သတ်ချင်နေပြီလား မသိဘူး။'

' ကျင်းပေါင် ဖုန်းဆက်လာတုန်းက ပြောပြီးပြီပဲလေ။ အခုလည်း ငါ လိုက်ပို့မှာပဲဟာ။'

ရှောင်းကျန့် ... ရှောင်းရှောင်း ရဲ့ စကားကြောင့် ခေါင်းရမ်းလိုက်ပြီး ...

' မင်း အဲ့ကောင် ပွစိ ပွစိ ပြောတာ နားမထောင်ရသေးလို့။ မိန်းမတွေထက်တောင် ဆိုးသေးတယ်။ ငါဖြင့် အဲ့ကောင် မိန်းမ ဘယ်လို ယူမလဲ စဉ်းစားနေတာ။ သူ့ကို ယူမယ့် လန်ဟွား အတွက်တော့ ရင်လေးတယ်။'

' သူ့မှာ ကောင်မလေး ရှိတယ်ပေါ့။'

' ရှိပါ့ ...။ ချောချောလေး ...။'

ရိပေါ် တစ်နေကုန်လည်း စကား ပြောနေကြပြီး အခု လှေခါးထစ် ကနေ ဆင်းနေတာတောင် ပြောစရာ မကုန်နိုင်တဲ့ ရှောင်းရှောင်း နဲ့ ရှောင်းကျန့် တို့ကို ကြည့်လိုက်ပြီး ...

' စကားလည်း ပြော ...၊ အရှေ့ကိုလည်း ကြည့်အုံး။ ခြေချော်ပြီး သွား ကျိုးရင် ငါတို့အိမ်မှာလည်း အစားထိုးပေးလို့ ရတဲ့ သွား အကြီးကြီးတွေ မရှိဘူး။'

ရှောင်းကျန့် ကြားလိုက်ရတဲ့ မထော်မနန်း နဲ့ ဝမ်ရိပေါ် ရဲ့ စကားကြောင့် နှုတ်ခမ်း ကိုက်လိုက်ပြီး အိမ် မပြန်ခင် ဝမ်ရိပေါ် ကို တစ်ခုခု ပြန်လုပ်ကို လုပ်သွားရမှ ကျေနပ်မယ်ဆိုပြီး အခွင့်ကောင်း ကို စောင့်နေလိုက်သည်။

သူတို့ ကား အနား ရောက်လာတော့ ရှောင်းရှောင်း နောက်ခန်း တံခါး ဖွင့်လိုက်ပြီး ...

' ရှောင်း ... တက် ...။'

ရှောင်းကျန့် အနောက်မှာ ဆင်းလာတဲ့ ဝမ်ရိပေါ် လှေခါးရဲ့ ခြေရင်း နား မရောက်သေးတာကြောင့် ရှောင်းရှောင်းကို ခေါင်းခါပြလိုက်ပြီး ...

' မင်း အရင် တက်လိုက်ပါ။'

ဝမ်ရှောင်းရှောင်း ကတော့ ရှောင်း ရဲ့ အကြံကို မသိတာကြောင့် ကား ထဲ အရင် ဝင်လိုက်သည်။

ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့ ခြေထောက် အောက် ကို ချ လာပြီ ဆိုတာနဲ့ တက် နင်း ပစ်လိုက်သည်။

Love is Evil  ( Completed )Where stories live. Discover now