Ep - 2

4.9K 239 7
                                    

2030 ခုနှစ် ...

နှစ်တွေ ကြာလာတာနဲ့ အမျှ တရုတ်ပြည်ကြီးလည်း တိုးတက်ပြောင်းလဲ လာတယ်။

ပေကျင်းမြို့ ဆိုလည်း တရုတ်ပြည်၏ မြို့တော်လည်း ဖြစ်သလို ကမ္ဘာမှာ အကျော်ကြားဆုံးမြို့လည်း ဖြစ်တာကြောင့် ပိုပြီး ပြောင်းလဲလာခဲ့တယ်။ အထပ်မြင့် အဆောက်အဦးများ၊ လည်ပတ်စရာ နေရာများ၊ ကလေးတွေ အတွက် သီးသန့် ကစားကွင်းများ၊ ရှေးဟောင်းပြတိုက်ကိုလည်း နိုင်ငံခြားသားများ စိတ်ဝင်စားအောင် ပြန်လည်မွမ်းမံထားသေးတယ်။

ရေ နေ သတ္တဝါများတွေကိုလည်း ရေ အောက်ထိ သွားပြီး လေ့လာစရာ မလိုအောင် ကုန်းမြေမှာတင် အဏ္ဏဝါ ပြတိုက် သပ်သပ် ထပ်ဆောက်ထားတယ်။ ကလေးတွေ အကြိုက်ပေါ့။

ပြီးတော့ မိုးမြင့် မှန်တံတား၊ မိုးမျှော်တာဝါ။ အထူးသဖြင့်တော့ လမ်းတွေ ပိုကျယ်လာတယ်။ ဒါကတော့ တိုးတက်ပြောင်းလဲ လာတဲ့ အထဲမှာ လူတိုင်းအတွက် သဘောကျစရာ တစ်ခုထဲက ဖြစ်ပါလိမ့်မယ်။ အရင်က ကား အရေအတွက် နဲ့ လမ်း နဲ့ မမျှဘူးလေ။

အဲ့ဒါထက် ပိုပြီး ထူးခြားတာက ပေကျင်းမြို့လယ်ခေါင်တွင် ရှိသော ကျောက်တိုင် နှင့် သမ္မ အိမ်တော်တွင်တော့ တရုတ်ပြည်၏ ကိုယ်စားပြု နိုင်ငံတော် အလံ နဲ့ အတူ သက်တံ့ရောင် အလံ တစ်ခုက ယှဉ်တွဲပြီး လေထဲမှာ တလွှင့်လွှင့် ဖြစ်လို့ နေပါတယ်။

ကျည်ဆံ ရထားလောက် မရှိသေးပေမယ့် မိုးပေါ် သွားတဲ့ ရထား ကတော့ ခရီးသည်တွေ တင်ပြီး သူ့တာဝန် သူ ကျေနေပါသည်။

မနက်ခင်း ဆိုတဲ့ အချိန်လေးမှာ တစ်ချို့ကလည်း လမ်းမပေါ်တောင် ရောက်နေပြီ ဖြစ်သလို တစ်ချို့ကျလည်း အိပ်ယာထဲမှာ နှပ်လို့ ကောင်းနေတဲ့ လူလည်း ရှိပါတယ်။

' ဒေါက် ... ဒေါက် ...'

ရှောင်းကျန့် အိပ်ပျော်နေတုန်း တံခါး ခေါက်သံကြောင့် လက် နှစ်ဖက်ကလည်း ဆန့်ထုတ်ရင်း တစ်ခုခုကို တားနေသလို နှုတ်ကနေလည်း စကားသံ တစ်ခု ထွက်ကျလာပြီး လူ ကလည်း အိပ်ယာထက်မှာ ငုတ်တုတ် ထ ထိုင်လိုက်ပြီးသား။

' ဟင့်အင်း !!!!.'

ထ ထိုင်ပြီး မျက်လုံးကို ဖွင့်ကြည့်တော့မှ ...

Love is Evil  ( Completed )Where stories live. Discover now