Ep - 21

1.8K 127 14
                                    

ပေကျင်း ...

Wang အိမ်တွင် အိမ်ရဲ့ အောက်ထပ်မှာ လှေခါးနားမှာ ရပ်ပြီး အိမ် အပေါ်ဘက်ကို မျှော် မျှော်ကြည့်နေကြတဲ့ သား အမိ နှစ်ယောက် နဲ့ ကောင်လေး တစ်ယောက် ရှိသည်။

' ရိဖုန်း ... သခင်လေး ဝမ် ကို သွားမပြောတော့ဘူးလား။ ဒီတိုင်းပဲ ထမင်း မစားပဲ အရက်ချည်း သောက်နေလို့က မဟုတ်သေးဘူးထင်တယ်။'

' ဟင့် ... ဟင့် ...'

' ဟဲ့ ... ဘာဖြစ်ရတာလဲ? သူများက သခင်လေး ဝမ် ကို စိတ်ပူနေတာပါဆို နင်က မင်္ဂလာ မရှိ ငိုနေပြန်ပြီ။'

' ဟင့် ... သမီး သခင်လေး ရှောင်း ကို သနားလို့ပေါ့။ သခင်လေး ရှောင်း က လူတိုင်းအပေါ် စိတ်ကောင်း ရှိပြီး လူတိုင်း မျက်နှာ မလိုက်ပဲ ဆက်ဆံပေးတာတောင် ဘာလို့ ခုလို အဖြစ်မျိုး ကြုံရတာလဲ။ အီး ... ဟီး ... ဟီး ...'

' ဟဲ့ ... ဪ ...'

ရိဖုန်း သူလည်းပဲ ထပ်တူ ဝမ်းနည်းနေရတာ ဖြစ်သည်။ ဆရာ ကိုလည်း နားလည်ပေးနိုင်တယ်။ အဲ့ဒါကြောင့် ဆရာ အိမ်ပြန်လာကတည်းက အရက် ပုလင်း ယူပြီး အခန်းထဲ တံခါးပိတ်နေတာကို ဘာမှ သွားမပြောတာ။

သူ အရမ်းချစ်တဲ့ သခင်လေး ရှောင်း ကို သူများက အန္တာရာယ် ပေးမှန်း သိရပြီး သူ ကိုယ်တိုင်ကလည်း ဘာမှမလုပ်ပေးနိုင်ပဲ လက်လွှတ်ခဲ့ရတော့ ဘယ်လို ဖြေလို့ ရမလဲ?

~~~~~~~~~

အခန်း တစ်ခုထဲတွင် လူ တစ်ယောက် ကုတင် ခြေရင်းမှာ ပစ်စလက်ခတ် ထိုင်နေပြီး ဘေးမှာလည်း အရက် ပုလင်း ရှိနေသည်။

အဲ့ဒီလူရဲ့ လက်ထဲမှာကတော့ သစ်သား မှန်ဘောင် သွင်းထားတဲ့ ဓာတ်ပုံ တစ်ပုံ ကိုင်ထားတယ်။

ရိပေါ် သူနဲ့ ရှောင်းရှောင်း ဘွဲ့ ယူတုန်းက ပုံကို ကြည့်ပြီး ရင်ခွင်မှာ တင်းကြပ်နေအောင် ဖိကပ်ထားရင်း ...

' ရှောင်းရှောင်း ရာ ... မင်း ဘာလို့ ငါ့ကို ထားသွားတာလဲ။ ဘာလို့ ငါ့ကို ငယ်ငယ် က အခြေနေလိုမျိုးမှာ ပြန်ထားခဲ့ရတာလဲ။ ပြန်လာခဲ့ပါကွာ ...၊ နေရာတိုင်း မင်း ပုံရိပ်တွေ မြင်နေရတဲ့ ဒီ အိမ်မှာ မင်း မရှိပဲ ငါ ဘယ်လို နေရမလဲ?

Love is Evil  ( Completed )Where stories live. Discover now