Wang အိမ် ရောက်တော့ ဝမ်ရိပေါ် ကား ပေါ်က အရင်ဆင်းလိုက်သည်။
ရှောင်းကျန့် သူလည်း ကား စက်သတ်ပြီး ကား ပေါ်က ဆင်းပြီး အိမ်ထဲကို ကား သော့ သွားထားဖို့ လုပ်တော့ အသံ တစ်သံ သူ့ကို တားလာတယ်။
' မင်း အိမ်ထဲ မဝင်နဲ့ ...။ ကား သော့ကို ငါ့ကို ပေး။'
ရှောင်းကျန့် ခုတမျိုး တော်ကြာ တစ်မျိုးနဲ့ ဝမ်ရိပေါ်ရဲ့ မျောက်စိတ်ကို သိပြီးသား ဖြစ်တာကြောင့် ဘာမှ အထွန့်တက်ပြီး မမေးပဲ ကား သော့ကို လှမ်းပေးလိုက်သည်။
ရိပေါ် ကား သော့ကို ဆွဲယူပြီး အိမ်ထဲကို ချက်ချင်း ဝင်ခဲ့လိုက်သည်။
ပြီးတာနဲ့ အရက်တွေ ထားတဲ့ စင်ဆီ သွားပြီး အရက် တစ်ပုလင်း ဆွဲယူခဲ့လိုက်သည်။
~~~~~~~~
ခြံထဲက အိမ်လေးမှာလည်း ကောင်လေး တစ်ယောက် အပြင်က ပြန်လာပြီး အိပ်ခန်းထဲထိ မသွားနိုင်တော့ပဲ အပြင်က ဆက်တီ ခုံမှာ လဲအိပ်ပစ်လိုက်ရင်း မျက်ရည်တွေ တတောက် တောက် ကျလာသည်။
' ဟင့် ... ဟင့် ... ငါကလည်း ရှောင်းရှောင်း ကို ခုလို မဖြစ်စေချင်ဘူး။ ငါကလည်း ငါ့ကိုယ် ငါ တောင် မကာကွယ်နိုင်ခဲ့ဘူး။ အဲ့ဒါကို ဘာလို့ ငါ့ကိုပဲ စိတ်မကောင်းအောင် လာပြောနေတာလဲ။'
ရှောင်းကျန့် မျက်ရည် ကျရင်း ပြောရင်း အိမ်ထဲမှာ မီး လည်း မဖွင့်ပဲ ပါးပြင်ပေါ်က မျက်ရည်တွေကို ပွတ်သုတ်ရင်း ပြန် ထ ထိုင်လိုက်သည်။
ပြီးမှာ အပြင်မှာ မြင်နေရသေးတဲ့ အလင်းရောင်ကို ကြည့်လိုက်ရင်း ...
' ဝမ်ရိပေါ် သခင် ရူး ရူးနေတဲ့ ကောင်၊ သူကရော ဘယ်လောက်ကောင်းနေလို့လဲ? ရှောင်းရှောင်း ကို စိတ်ပူတယ်၊ စိတ်ပူတယ် ဆိုပြီး ပါးစပ်ကနေ သာ ပြောနေတာ။ ရှာဖြင့် လိုက်မရှာပဲနဲ့။'
ရှောင်းကျန့် ပြောရင်းနဲ့ အားပါလာပြီး အိမ်ကြီးဆီကို မျက်စောင်းထိုးရင်း ဆက်ပြောလိုက်သည်။
' ငါလည်း ဒီအိမ်ကနဲ့ မြန်မြန် ထွက်သွားရမှပဲ။ မဟုတ်ရင် အိမ် အလုပ်တွေ လုပ်ရတာ ပင်ပန်းလို့ မသေပဲ၊ ဝမ်ရိပေါ် ရဲ့ မျောက်စိတ်နဲ့ တစ်ခါ တစ်မျိုး ပြောနေတာကို ရင်ဘတ်နဲ့ မဆန့်အောင် ခံစားပြီး အသက် ဘယ်က ထွက်လို့ ထွက်သွားမှန်းတောင် သိမှာ မဟုတ်ဘူး။'
YOU ARE READING
Love is Evil ( Completed )