အမေရိကန် ပြည်ထောင်စု၊ ဇိမ်ခံ ဟိုတယ် တစ်ခုတွင် အခုမှ လေဆိပ်ကနေ ဟိုတယ် ကို ရောက်လာတဲ့ အတွဲ နှစ်တွဲ ရှိတယ်။
' ဒါဆို ငါတို့ အရင် နားကြမယ်။ ဆေးရုံကိုတော့ မနက်ဖြန်မှ ရက်ချိန်းဆိုတော့ မနက်မှပဲ သွားကြမယ်။'
' အင်း ...။ ကောင်းတယ်။ ငါ ဒီတစ်ခေါက် လေယာဉ် စီးရတာ ဘယ်လိုလဲ မသိဘူး။ သက်တောင့် သက်သာ မရှိပဲ ခေါင်းမူးချင်နေလို့ အရမ်းကို နားချင်နေပြီ။'
ခီရှီ သူ့ကို မှီလာတဲ့ ရှောင်းရှောင်း ကို လဲ မကျအောင် ထိန်းပေးရင်း ...
' ရှောင်းရှောင်း ရရဲ့လား။ ဆေးခန်း အရင် သွားလိုက်မလား။'
' ရပါတယ်။ ခဏ နားလိုက်ရရင် ကောင်းသွားမှာပါ။ အခု ခေါင်းက ငြီးစီစီ ဖြစ်ပြီး မူးချင်သလို ဖြစ်နေတာ။'
' အိုခေ ...၊ အိုခေ ...။ ဒါဆို ကိုယ်တို့ အမြန် အခန်း သွားယူပြီး နားကြမယ်။'
ရိပေါ် ရှောင်းရှောင်း ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေတဲ့ ရှောင်း ကို ဖက်ပြီး သူတို့ ယူထားတဲ့ အခန်းကို ခေါ်လာလိုက်သည်။
~~~~~~~
' ရှောင်း ... အရင် နားလိုက်မလား။'
' ရေချိုးပြီးမှပဲ နား တော့မယ်။ ရေ မချိုးရရင် အိပ်ယာပေါ် မတက်ချင်ဘူး။'
' အင်း ...။ သဘော။ ဒါဆို ကိုယ် ရေချိုးခန်းထဲမှာ သွားပြင်ဆင်ပေးထားမယ်။'
' အင်း ...။ ငါ အဝတ်တွေ ထုတ်ထားလိုက်မယ်။ ရိပေါ် ရော တစ်ခါတည်း မချိုးဘူးလား။'
ရိပေါ် ရေချိုးခန်းဘက် သွားမယ့် ခြေလှမ်းတွေ ရပ်သွားပြီး မှိုရတဲ့ မျက်နှာနဲ့ ပြန်လှည့်လာရင်း ...
' ငါ လိုက်ချိုးလို့ ရလား?.'
' ရေပဲ ချိုးမယ်ဆို ရတယ်။'
ရိပေါ် အဲ့တော့မှ မျက်နှာ ပြန်ညိုးသွားပြီး ...
' ဒါဆိုလည်း ထားလိုက်ပါတော့။ ငါ ပြီးမှပဲ ချိုးတော့မယ်။'
ရှောင်းကျန့် အဝတ်တွေ ထုတ်ရင်း ခိုးပြုံးလိုက်သည်။
~~~~~~~~~~
YOU ARE READING
Love is Evil ( Completed )