Wang Group Company တွင် ဝမ်ရိပေါ် တစ်ယောက် သူ့ ကား showroom ထိပါ လိုက်လာပြီး လာကြည့်တဲ့ ဂျပန် ကြောင့် နောက်တစ်ခါ ကား ထပ်သွင်းရင်း ဒီလူရဲ့ company နဲ့ ထပ်မဆက်သွယ်ဖို့ ဆုံးဖြတ်လိုက်သည်။
' မစ်စတာ ဝမ်ရိပေါ် အရင်က အိမ်ထောင်ဖက် ရှာပေးတဲ့ အေဂျင်စီ ဖွင့်ထားသေးတယ်ဆို...။ အခု မလုပ်တော့ဘူးလား။'
ရိပေါ် သူတို့က အခု မိတ်ဆွေတွေ ဖြစ်နေသေးတာကြောင့် ဂျပန် က မေးလာတာကို ခေါင်းညိတ်ပြလိုက်ပြီး အပြုံးတော့ မပါတော့ပါ။
' ဖွင့်ထားပါသေးတယ်။ အဲ့ဒါက ဒီ showroom ရဲ့ အောက်ထပ်မှာ ရှိပါတယ်။'
' ဟုတ်လား။ ကျနော် သွားကြည့်ချင်တယ်ဆိုရင် မစ်စတာ ဝမ်ရိပေါ် ကို အလုပ်ရှုပ်စေမလား။'
ရိပေါ်ရဲ့ စိတ်ထဲတွင်တော့ သိရင်လည်း ဘာလို့ မေးနေတာလဲ ဆိုပြီး ပြောနေပေမယ့် အပြင်ဘက်တွင်တော့ ...
' ရပါတယ်။ ခင်ဗျားက ကျနော်တို့ရဲ့ ဧည့်သည်ပဲလေ။'
အေဂျင်စီ သပ်သပ် ဖွင့်ထားတဲ့ အထပ်တွင် ရောက်တော့လည်း ဂျပန်က တရုတ် ကောင်မလေးတွေ အယောက်တိုင်းကို ကြည့်ပြီး ပါးစပ်ကနေလည်း ဖွာ နေပါတော့သည်။
ရိပေါ် တကယ်ကို စိတ်ပျက်သွားပြီ ဖြစ်သည်။ ဒီ ဂျပန် ဘိုးတော် ဒီလောက် နှာဘူး ထ တတ်မှန်း မထင်ခဲ့ဘူး။
~~~~~~~~
ရှောင်းကျန့် ကတော့ သူ့ အခန်းထဲ ပြန်လာရတာကြောင့် အိပ်ယာပေါ် ခဏ တက်လှဲရင်း အိပ်ပျော်နေခဲ့တယ်။
' နေ့ခင်းတောင် ရောက်နေပြီ။ ရှောင်း ပြန်မဆင်းလာသေးဘူးလား။ ကျင်းပေါင် သွားကြည့်လိုက်အုံး။'
' ဟုတ် ... ကျဲ ...။'
ရိလုံ အပေါ်တက်သွားတဲ့ ကျင်းပေါင် ကို ကြည့်လိုက်ပြီး ...
' ရှောင်း ကို သွားကြည့်ခိုင်းတာလား။'
' ဟုတ်တယ်။ သူ့ အဝတ်တွေ သွားသိမ်းမယ်ဆိုပြီး ပြန်မဆင်းလာသေးလို့လေ။'
' အင်း ...။ ဒါဆို ထမင်း သွားပြင်လိုက်တော့။ သူတို့ ဆင်းလာတာနဲ့ ထမင်းစားရအောင်။'
YOU ARE READING
Love is Evil ( Completed )