ရိပေါ် Company ကိုလည်း သွားဖို့ လိုသေးတာကြောင့် အိမ်မှာ ဧည့်သည်တွေ ထားပြီး ထွက်လာခဲ့ရတာ ဖြစ်သည်။
ဒါပေမယ့် ထွက်သာ ထွက်လာရတာ ရှောင်း ကို ခေါ်လာခဲ့လို့ မရတာကြောင့် စိတ်က အိမ်မှာ ကျန်နေခဲ့တယ်။
ရိပေါ် ကား မောင်းနေရင်း ရှောင်း ကို အဲ့ဂျပန် ကောင်က စကား မရှိ စကား ရှာပြီး လိုက်ပြောနေမလား လို့လည်း တွေးနေမိတယ်။
' ရှောင်း က ကွာ ... ခေါ်တာကိုလည်း မလိုက်လာဘူး။ အဲ့ဒီ သခင်ကြီး နဲ့ သခင်မ ကို ဝမ်ရှောင်းရှောင်းက ဧည့်ခံမှာပေါ့။'
ရိပေါ် ပြောရင်းနဲ့ Company အမြန်ရောက်ပြီး အမြန် ပြန်ရဖို့ ကား ကို အရှိန်တင်လိုက်သည်။
~~~~~~~~
ဝမ် သခင် စိတ်ပူနေသလို အိမ်မှာ တကယ်ပဲ ရှောင်း နဲ့ ဂျပန်ကောင် စကား ပြောနေကြတယ်။
' မင်း က ဒီတစ်ခေါက် ဂျပန်မှာ တာဝန် မရှိဘူးလား။'
' ဟုတ်တယ်။ ပြီးတော့ မင်း ရဲ့ အခြေနေကိုလည်း လာကြည့်ချင်လို့လေ။'
' ဪ ... ငါက အဆင်ပြေပါတယ်။ ပြီးတော့ ငါ နဲ့ ရိပေါ် ကလည်း အခြေနေ အမျိုးမျိုးကြောင့် အခု အတူတူ နေဖြစ်သွားတယ်လေ။'
ဂျပန် က တစ်ယောက် ကြားလိုက်ရတဲ့ စကားကြောင့် မျက်နှာ တစ်ချက် ပျက်သလို ဖြစ်သွားပေမယ့် ပြန်ထိန်းလိုက်ရင်း ...
' မင်း နဲ့ ဝမ်ရိပေါ် က !!!.'
' ငါတို့ လက်ထပ်ကြတော့မယ်။'
' ဪ ...။'
ရှောင်းကျန့် သူ့ဘေးကနေ ယှဉ်ပြီး လျှောက်လာတဲ့ တစ်ယောက်ကို သူတို့ ရောက်လာတဲ့ ခြံဝင်းထဲက ဘန်ဂလိုမှာ သွားထိုင်ဖို့ လက်ဟန် ပြရင်း ...
' မင်း ရော ... ချစ်သူတွေ ဘာတွေ မရှိဘူးလား။'
' ငါ က အခုမှ ထားမလို့ စိတ်ကူး ထားတာကို သူ့မှာက ဆိုင်သူ ရှိနှင့်နေပြီ။'
' ဟေ ... အဲ့လိုလား...။ စိတ်မကောင်း စရာပဲ။ မင်း က သူ့ကို သဘောကျနေရင် စောစော စီးစီး ရအောင် မယူပဲနဲ့။'
' အဟင်း ... ငါကလည်း သူ အဲ့လောက် မြန်မြန်ကြီး ဆိုင်သူ ရှိသွားခဲ့မယ် မထင်ဘူးလေ။ ပြောရရင် ငါ လာတာ နောက်ကျသွားတာ။'
YOU ARE READING
Love is Evil ( Completed )