နောက်တစ်နေ့ နံနက် ရောက်သော် ...
ရိပေါ် သူတောင် မနက်စာ စားလို့ ပြီးတော့မယ်... ရှောင်းရှောင်း က ဒီနေ့တော့ သူ့ကို ဘယ်သွားမယ်၊ လိုက်မယ် ဆိုတာ မပြောလာသေးပါ။
' အဟမ်း ...။'
ရှောင်းရှောင်း ရိပေါ် ဘာဖြစ်နေတယ် ဆိုတာ သိတာကြောင့် မျက်လုံး တစ်ချက်ပဲ လှန်ကြည့်လိုက်ပြီး မနက်စာ ဆက်စားနေလိုက်သည်။
ရန်ဖြစ်ချင်ကြအုံးလေ ...။
ရိပေါ် သူ ချောင်း ဆိုး ပြတော့လည်း ဂရုမစိုက်၊ သူ စားပြီးလို့ ထ ရပ်လိုက်တာကိုလည်း မော့မကြည့်လာတဲ့ ရှောင်းရှောင်း ကြောင့် ခေါင်း ကို တဒေါက် ဒေါက် ခေါက်ပစ်ချင်လာသည်။ ဒီနေ့ကျ လာ ငြိမ်ပြီး လိမ္မာ ပြနေတယ်။
' ငါ Company သွားတော့မယ် ...။'
ရှောင်းရှောင်း တစ်ချက် မော့ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
' မင်း ... မလိုက်တော့ဘူးလား။'
' မလိုက်ဘူး။ ပျင်းတယ်။ ခဏနေ အပြင်သွားမှာ။'
' အပြင် ...? ဘယ်သွားမှာလဲ ...။'
' မသိသေးဘူး။ ထိုင်လို့ ကောင်းတဲ့ ကော်ဖီ ဆိုင် တစ်ဆိုင် ဆိုင် သွားပြီး သီချင်း အေးအေး သွား နားထောင်ရင်း အချိန်ဖြုန်း မလားလို့။'
' အဲ့ဒါများ ငါ နဲ့ လိုက်ခဲ့ပါလား။'
' မလိုက်ချင်ပါဘူး။ မနေ့က လိုက်သွားတာ ရှောင်း စိတ်မကြည်တာ ခံလာရတာပဲ အဖတ်တင် တာလေ။ ပြီးတော့ company မှာ ငါ အလုပ်မှ မရှိတာ။'
' ငါ ပြောပါတယ်။ ကျောင်းတက်တုန်းက ဆရာဝန် လိုင်း ယူပါဆို။ မဟုတ်ရင် အခုဆို Wang Group ဆေးရုံမှာ အေးဆေး ဖြစ်နေပြီ။'
ရှောင်းရှောင်း ရိပေါ်ကြောင့် မျက်စောင်း ထိုး လိုက်ပြီး ...
' ငါမှ သွေးထွက် ဒဏ်ယိုတာ မကြည့်ရဲတာ။ ငါ့ကိုသာ ပြောနေတာ မင်းလည်း အမှတ်မီရဲ့သားနဲ့ မယူဘူးလေ။'
' ငါ စီးပွားရေး လိုင်း ယူလိုက်လို့ ခုလို ပါး မရှိတော့တဲ့ အချိန်မှာ Wang Group ရဲ့ စီးပွါးရေးကို ကောင်းကောင်း ကိုင်တွယ်နိုင်နေတာပေါ့။ မဟုတ်ရင် ငါတို့ နှစ်ယောက် လည်တဲ့ စီးပွါးရေး သမားတွေ လှည့်စားတာ ခံနေရလောက်ပြီ။'
YOU ARE READING
Love is Evil ( Completed )