Ep - 29

1.9K 120 9
                                    

ပြင်သစ် !!!!

' ဒေါက် ... ဒေါက် ...။'

ခီရှီ တံခါးခေါက်ပေမယ့် အထဲက ချက်ချင်း မဖွင့်လာပေးတာကြောင့် မကြားကြတာများလားဆိုပြီး ဖုန်း ဆက်မလို့ လုပ်တော့ အခန်း တံခါး ပွင့်လာသည်။

' ရှောင်းကျန့် !!!.'

' အင်း ...။ ရှောင်းရှောင်း က မနှိုးသေးဘူး။ မနေ့ည သူ တော်တော် သောက်ထားတယ်ဆိုတော့ ထ လာရင် ခေါင်းကိုက်မှာတောင် စိုးရတယ်။'

' ဟုတ်တယ်။ အဲ့ဒါကြောင့် ခဏနေ ဒီဟိုတယ်က ဝန်ထမ်းကို သူ့အတွက် ကော်ဖီ လာပို့ခိုင်းထားတယ်။'

ရှောင်းကျန့် ခီရှီရဲ့ စကားကြောင့် အခုမှ ပြင်ဆင်ထားတဲ့ ခီရှီ ရဲ့ ပုံစံကို ကြည့်မိသွားသည်။

' မင်း အပြင်သွားမလို့လား။'

' အဟင်း ...။'

ခီရှီ ရှောင်းကျန့် ရဲ့ အမေးကြောင့် တစ်ချက် ရယ်လိုက်ရင်း ...

' ငါ ... ရှောင်းရှောင်း ကို တစ်ခါတည်း ပရိုပိုစ့် လုပ်သွားမလားလို့။'

' မင်း နဲ့ ရှောင်းရှောင်း က ချစ်သူတွေ မဟုတ်သေးဘူးလား။'

' ငါက ချစ်တယ် ပြောပြီးပြီ။ သူကတော့ ငါ့ကို မချစ်သေးဘူးတဲ့။ အဲ့ဒါကြောင့် အခု တစ်ခါတည်း တရားဝင် ချစ်ခွင့်တောင်းသွားမလို့။'

' ကောင်းပါတယ်။ မင်း ရှောင်းရှောင်း ကို တကယ် ချစ်တယ် ဆိုတာ ငါ ဘေးကနေတောင် ခံစားမိတယ်။'

' အင်း ...။ ဒါဆို ငါ အပြင် ခဏ သွားအုံးမယ်။ ရှောင်းရှောင်း နှိုးလာရင် မင်း သူ့ကို နည်းနည်း ပါးပါး ကြည့်ပြောထားပေး။'

' အင်း ...။ စိတ်ချပါ။'

' ဒါဆို ငါ သွားပြီ။'

ရှောင်းကျန့် ခီရှီ ထွက်သွားတာနဲ့ အခန်း တံခါး ပိတ်ပြီး ပြန်ဝင်ခဲ့တော့ အိပ်ယာထဲက ရှောင်းရှောင်း က ထ တော့ မ ထ ထိုင်သေးပဲ လက် နှစ်ဖက် ဆန့်ထုတ်ရင်း ပျင်းကြောဆန့်နေတာ တွေ့လိုက်ရတယ်။

' နှိုးပြီလား။'

ရှောင်းရှောင်း ... ရှောင်း ရဲ့ အသံကြားမှ ထ ထိုင်လိုက်ပြီး ထပ်ပြီး ဟိုလှည့် ဒီလှည့် လုပ်ရင်း ...

Love is Evil  ( Completed )Where stories live. Discover now