Wang အိမ်ရဲ့ ခြံဝင်းထဲတွင် ကား တစ်စီး ဝင်လာပြီး အိမ်ရှေ့ ဝင်ပေါက်မှာ ရပ်သွားသည်။
' ရှောင်းကျန့် ... မင်း ငါ့ကို ဘယ်လို ခေါ်ရမယ်ဆိုတာ သိတယ်မလား။'
' သိတယ်။'
' အေး ... အဲ့ဒိီလို လေသံကိုလည်း ပြင်၊ မင်း နဲ့ ငါ အခု သခင်နဲ့ အလုပ်သမား အဆင့်ဖြစ်သွားပြီ။'
ရိပေါ် သူ ပြောတာကို ပေကပ်ကပ် လုပ်နေတဲ့ ရှောင်းကျန့်ကို ထပ်ကြည့်လိုက်ပြီး ...
' ငါ ပြောတာ ကြားလား!!!.'
' ကြားတယ် !!! ဘာလို့ အရမ်းအော်နေတာလဲ။'
' မင်းရဲ့ အဲ့ဒီ လေသံကို ပြင်ဖို့ ငါ အခုပဲ ပြောထားတယ်မလား။ နောက်တစ်ခါ ငါ့ကို ပြန် အော်ရဲ အော်ကြည့် မင်းကို ထမင်း အငတ်ထားခိုင်းမယ်။'
ထိုစဉ် ကား အရှေ့ခန်းက လီရိဖုန်း ရဲ့ ဖုန်း မြည်လာသည်။
ရိဖုန်း ဖုန်း ကို ထုတ်ကြည့်လိုက်တော့ ဂျပန် က ...
' ဆရာ ... ကား company က ဖုန်းဆက်လာနေတယ်။'
' အင်း ... ဒါဆို မင်း ဖုန်း လက်ခံပြီး company ကို ပြန်သွားလိုက်။ ငါ ပြီးမှ လိုက်ခဲ့မယ်။'
' ဟုတ်ကဲ့ ...။'
ရိဖုန်း ဆရာ ဆီက စကား ဆုံးတာနဲ့ ဖုန်း လက်ခံပြီး ပြောလိုက်သည်။
ရိပေါ် တုတ်တုတ် မလှုပ်ပဲ ထိုင်နေတဲ့ ရှောင်းကျန့် ကို ကြည့်ပြီး ...
' မင်း ကား ပေါ် ထိုင်ကောင်းနေတာလား။ ဆင်းလေ ...။'
ရှောင်းကျန့် အခုမှ သူ့ကား ကို သတိရသွားသည်။
' ကား !!! ငါ့ ကား ဟိုကောင်ရဲ့ ကွန်ဒိုမှာ ကျန်ခဲ့တယ်။'
ရိပေါ် ခုမှ မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ပြောလာတဲ့ ရှောင်းကျန့် ကြောင့် အ လိုက်တာဆိုတဲ့ မျက်နှာထားနဲ့ ကြည့်လိုက်ပြီး ...
' မင်း ကား ကို ငါ သွားယူလာပြီးပြီ။ ပြီးတော့ အကြွေး ဆပ်ရမယ့် အထဲ ပေါင်းထည့်ထားတယ်။'
' ဘာ !!!!!!.'
' မတရား ခံရတဲ့ မျက်နှာပုံစံ လာလုပ်မနေနဲ့ ...၊ ပြောရရင် အဲ့ကား ဝယ်တုန်းက ငါ့ ပိုက်ဆံ တစ်ဝက် ပါတယ်။'
YOU ARE READING
Love is Evil ( Completed )