နယ်မြို့လေးရဲ့ အိမ် တစ်အိမ်တွင် လန်ဟွား ဖုန်း ချပြီး အိမ်ထဲ ပြန်ဝင်လာတော့ ရိလုံ ထွက်လာတာနဲ့ တိုးတယ်။
' ရှောင်း ဆက်လာတာလား။'
' ဟုတ်တယ်။ သူတို့ အခု ထွက်လာပြီတဲ့။'
' အင်း ... အဲ့ဒါဆိုရင်တော့ ညနေလောက်မှ ရောက်မှာပါ။'
' အင်း ...။ ပြီးတော့ ဒီမှာ ကျွေးမွေးဖို့ကလည်း ဘာမှမဝယ်ထားနဲ့လို့ ပြောတယ်။'
' ဘာကို ပြောတာလဲ။ အချိုတည်းမယ့်ဟာလား? ထမင်း ဟင်းတွေကို ပြောတာလား။'
' မသိဘူး။ သူတို့အကုန် ဝယ်လာပြီလို့ ပြောတာပဲ။'
' အင်း ... သူတို့ ရောက်မှ တစ်ချက် ကြည့်လိုက်မယ်လေ။ ပြီးမှ လိုရင်လည်း ထပ် သွားဝယ်တာပေါ့။'
' အင်း ...။ ဒါဆို ငါတို့ ဖိတ်စာ ဝေ မယ့်ဟာ စာရင်းလုပ်ထားလိုက်တော့မလား။'
ရိလုံ ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ...
' အေး ... လုပ်လေ။ ဒီရပ်ကွက်ကတော့ အကုန်လုံး ဖိတ်ရမယ် ထင်တယ်။ သိပ်လည်း မကျယ်ဘူးဆိုတော့။'
' အင်း ...။ သူတို့က မဖိတ်ရင်တောင် လာကူပေးကြမှာ။ ရပ်ကွက် က ကျဉ်းတော့ တစ်အိမ် နဲ့ တစ်အိမ်လည်း သွားရင်း လာရင်း မြင်နေကြတာပဲလေ။ တကယ့်မြို့မှာလို သီးခြားတွေ မနေကြဘူး။'
' အင်း ...။ ဟုတ်မှာပါ။ အခု ငါတို့ ရောက်လာတာကိုပဲ ကြည့်လေ...။ အိမ် လာလည်နေကြတာ။'
' ဟုတ်တယ်။'
လန်ဟွား အိမ်ထဲရောက်မှာ စာရွက် နဲ့ ဘောပဲန် ယူပြီး ရိလုံ ကို ပေးလိုက်သည်။
' ရော့ ... နင် က လိုက်ရေး။ ငါ စဉ်းစားရင်း နာမည် ပြောပေးမယ်။'
' အင်း ...။'
~~~~~~~~
ဟိုင်းဝေး လမ်းမကြီးပေါ်တွင် ဇိမ်ခံ ကား အသေး နှစ်စီး ပြီးတော့ ကား အကြီး တစ်စီး ရှေ့ဆင့် နောက်ဆင့်နဲ့ မောင်းနှင်နေတယ်။
မကြာဘူး ရှေ့ဆုံးက ကား ဆီမှ ရပ်တော့မယ့် အနေထားနဲ့ အချက်ပြမီးကြောင့် နောက်က လိုက်လာတဲ့ ကား ကလည်း လိုက်ပြလိုက်ရသည်။
YOU ARE READING
Love is Evil ( Completed )