Wang အိမ်တွင် ဝမ်ရှောင်းရှောင်း တစ်ယောက် သူ တစ်ယောက်တည်း အိမ်ရှေ့ ထွက်လိုက်၊ ခြံ ရှေ့ထိ ပြေးပြီး ခြံတံခါး ကပ်ပြီး အပြင်ကို ချောင်းကြည့်လိုက် လုပ်တာ အားမရလို့ ထမင်း ဟင်း ချက်ဖို့ အလုပ်ခန့် ထားတဲ့ ကောင်မလေးကိုပါ ဆွဲပြီး ခြံရှေ့ကို ခေါ်သွားလိုက်ပြန်သည်။
ကောင်မလေး ဘုမသိ ဘမသိ နဲ့ ပါလာရင်း သူ့ သခင်လေး ခြံ တံခါး နား ကပ်ပြီး ကြည့်တာကို သူပါ လိုက်ကြည့်ရင်း ...
' သခင်လေး ရှောင်း ... ဘာလုပ်မလို့လဲ။ အိမ်ထဲမှာလည်း ကျမ ကို နာနတ်သီး ယို လုပ်ခိုင်းထားပြီး မပြီးသေးပဲ အခု ခြံရှေ့ကို ခေါ်လာတယ်။'
' ကဲ ... အမေး အမြန်း ထူ မနေနဲ့။ အိမ်ထဲမှာ နင့် အမေကို ငါ သွားပြီး ဆက်လုပ်ခိုင်းမယ်။ နင်က ဒီမှာပဲစောင့် ငါ့ဆီ လာမယ့်လူ ရောက်လာရင် ချက်ချင်း တံခါး ဖွင့်ပေးလိုက်၊ ပြီးတာနဲ့ ခြံတံခါးကို သော့ခတ်ပြီး သော့ကို ငါ့ဆီ ယူလာပေး။'
' အခု သခင်လေး ရှောင်း လုပ်တာကို သခင်လေး ရိပေါ် သိလား။ မသိရင် ကျမ မလုပ်ရဲဘူးနော်။ သခင်လေး ရိပေါ် စိတ်မကြည်ရင် ကြောက်ဖို့ ကောင်းယ်။'
' ဟဲ့ ... နင် လျှာ အရမ်းရှည်နေပါလား။ နင်တို့ကို လစာ ပေးနေတဲ့ အထဲမှာ ငါ ရမယ့် အမွေတွေလည်း ပါတယ်။ သူ့ တစ်ယောက်တည်းကိုပဲ မကြောက်ပဲ ငါ့ကိုလည်း ကြောက်ကြပါအုံး။'
' ကျမ က အဲ့လို သဘောပြောတာ မဟုတ်ပါဘူး။ သခင်လေး ရှောင်း ကျ သဘောကောင်းတယ်လေ။ သခင်လေး ရိပေါ် ကျ အဲ့လို မဟုတ်ဘူး။ တစ်ခါတစ်လေ ဘာမှ မဖြေရှင်း လိုက်ရပဲ အပြစ်ပေးခံရတာ။'
' တော်တော့ စကား များ မနေပဲ ငါ ပြောသလိုလုပ်။ ခုန ငါ ပြောတာတွေကော မှတ်မိရဲ့လား။'
ကောင်မလေး သူ့ သခင်လေး ရဲ့ စကားကြောင့် မျက်စောင်းထိုးချင်ပေမယ့် မထိုးရဲပဲ နည်းနည်း အထွန့်တက်ချင်တဲ့ လေသံ နဲ့ ပြန်ပြောလိုက်သည်။
' သခင်လေး ရှောင်း ကလည်း ကျမ ခေါင်းက ကောင်းပါသေးတယ်။'
' အေး ... ကောင်းတယ်ဆို ခုန ငါပြောတဲ့ အတိုင်း လုပ်။ မဟုတ်ရင် နင် ရမယ့် လစာ တွေ ငါ အကုန်ယူပစ်လိုက်မှာ။'
YOU ARE READING
Love is Evil ( Completed )