နောက်တစ်နေ့ မနက်ရောက်သော် ဝမ် အိမ်ရဲ့ မိသားစု ထမင်းဝိုင်းတွင် ...
' ရှောင်း ... ငါနဲ့ Company လိုက်ခဲ့မလား။'
ရှောင်းကျန့် ပြောမလို့ ပါးစပ် ဟ နေတုန်း ဝမ်ရိပေါ်ကပဲ ပြန်ပြောလာပြန်တယ်။
' ဪ !!! မလိုက်နဲ့။ မလိုက်နဲ့။ ငါ နဲ့ ခီရှီ အပန်းဖြေ ဆောက်မယ့် ကိစ္စနဲ့ အပြင်သွားရမှာ။ မင်း တစ်ယောက်ပဲ Company မှာ ကျန်ခဲ့လိမ့်မယ်။'
' အဲ့ဒါများ ဘာလို့ စ ပြီး လာ ခေါ်သေးလဲ။'
' ငါ နဲ့ ရှောင်း လည်း အဲ့ဒီ နေရာကို လိုက်လို့ ရတာပဲ။'
ခီရှီ သူလည်း ဘာအမိုး အကာ မှ မရှိ နေပူပူကြီးထဲမှာ မြေတူး သမားကို သွားကြည့်နေရမှာကို ရှောင်းရှောင်း ကို မခေါ်သွားချင်ပါ။
' မလိုက်ပါနဲ့ ...။ အခု အဲ့နေရာက မြေတွေ တူးနေတာ။ နေစရာလည်း မလုပ်ရသေးဘူး။ မင်းကို နေပူလိမ့်မယ်။'
ရှောင်းရှောင်း သူက မလိုက်ရလည်း ကိစ္စ မရှိပေမယ့် ကောက်ချိတ် လုပ်နေတဲ့ ရှောင်း ကို ကြည့်လိုက်ပြီး ...
' အဲ့ဒါဆို ရှောင်း ... ငါတို့ Spa သွားကြမလား။ မသွားရတာ ကြာပြီ။'
ရိပေါ် ရှောင်းရှောင်း ကို ကြည့်လိုက်ပြီး ...
' Spa မှာ ခန္ဓာကိုယ် ကိုပါ မာဆတ် လုပ်ပေးတာ ပါတဲ့ ဟာလား။ အဲ့ဒါဆိုရင်တော့ မရဘူးနော်။ ရှောင်း ... မင်း ခန္ဓာကိုယ် ကို သွားနှိပ်ခိုင်းလို့ မရဘူး။'
' ရိပေါ် မင်းကလည်း ငါတို့လည်း ဦးနှောက် ရှိကြပါတယ်။ ဘယ်သူက အဲ့လို သွားလုပ်မှာလဲ။'
' တော်ပြီ ... ဘယ်မှ မသွားတော့ဘူး။ အရမ်း ကျယ် တဲ့ Wang အိမ်ရဲ့ ခြံဝင်းထဲမှာပဲ လမ်းလျှောက်နေတော့မယ်။'
' ရှောင်း ...
ရှောင်း ...။'
ရှောင်းရှောင်း ထ သွားတဲ့ ရှောင်း ကို ကြည့်ပြီး အော် ခေါ်နေတဲ့ ရိပေါ် ကို ပြန်ကြည့်ရင်း ...
' မင်း ကလည်း မင်းပဲ။ ဘာလုပ်လုပ် အကုန် လိုက်တားနေတာ။'
' ငါလည်း သူ တစ်ခုခု ဖြစ်မှာ စိုးလို့လေ။'
YOU ARE READING
Love is Evil ( Completed )