ကွန်ဒို တိုက်ခန်း တစ်ခန်းထဲတွင် ...
' ဒေါ်လေး ရဲ့ သား ဘာလို့ ခုထိ မရောက်သေးတာလဲ။ သူ တကယ် ရှောင်းရှောင်း ကို လွှတ်ကော လွှတ်ပေးရဲ့လား။'
' မင်း ရှေ့မှာပဲ ငါ သူ့ကို ဖုန်းဆက်လိုက်တာပဲလေ။ ပြီးတော့ သူ ဖုန်းချသွားတယ်။ မင်း သိသလောက်ပဲ ငါ သိမှာပေါ့ ...။'
ထိုစဉ် ...
' ဒေါက် ဒေါက် ဒေါက် ...'
ရှောင်းကျန့် တံခါး ခေါက်သံကြောင့် အမြန်ပြေးဖွင့်လိုက်သည်။
ဒါပေမယ့် သူ မြင်ချင်တဲ့ စီးခေါဝ် မဟုတ်ပဲ အနက်ရောင် ဝတ်စုံပြည့် ဝတ်ထားတဲ့ လူ ၄ ရောက်။
ချင်းယင် သူ ပါ တံခါး နား လာကြည့်လိုက်ပြီး ...
' ဪ ... ရောက်လာပြီ ထင်တယ်။'
' ကျနော်တို့ ခေါ်သွားရမယ့် လူ က သူ လား ...။'
' ဟုတ်တယ်။ ငါတို့ သဘောတူညီမှု ရသွားပြီ။'
' ဒါဆို ခင်ဗျား လိုချင်တဲ့ အမောင့် ပြောလို့ ရပြီ။'
ရှောင်းကျန့် မယုံနိုင်တဲ့ မျက်ဝန်းနဲ့ သူ့ အဒေါ်ကို ကြည့်လိုက်ပြီး ...
' ဒေါ်လေး အခု ကျနော့် ကို ရောင်းစားလိုက်တာလား။'
' ငါ့ကို ငယ်ငယ်က မင်းကို ကျွေးမွေး ပြုစုစောင့်ရှောက်လာတဲ့ ကျေးဇူးကြွေး ဆပ်တယ်လို့ သဘောထားလိုက်ပါ။ မဟုတ်လည်း မင်း အခု ဘာမှ တတ်နိုင်တဲ့ အခြေနေ မရှိတော့ဘူးနော်။ မင်း မဟုတ်တာ လုပ်ဖို့ စဉ်းစားတာနဲ့ ဝမ်ရှောင်းရှောင်း လည်း မလွယ်ဘူး။'
ရှောင်းကျန့် သူ အခု သူ့ အဒေါ် နဲ့ ဟိုဘက်က လူ ငွေတွေ လွှဲပေးနေတာပဲကို ကြည့်နေတာပဲ တတ်နိုင်တော့သည်။
' ရပြီနော် ...။ ကျနော် သူ့ကို ခေါ်သွားတော့မယ်။'
' ရပြီ။'
ရှောင်းကျန့် နောက်ဆုံး အနေနဲ့ သူ့ အဒေါ်ကို ကြည့်လိုက်ပြီး ...
' ဒေါ်လေး ကျနော့်ကို ခုလို လုပ်တာ နည်းနည်းမှ စိတ်မကောင်း မဖြစ်ဘူးလား။'
' ဘာ ဖြစ်ရမှာလဲ။ ဒီအခြေနေက မင်း မဟုတ်လည်း စီးခေါဝ် ဖြစ်နေရင် သူ့ကို ခုလိုပဲ လုပ်မှာပဲ။'
YOU ARE READING
Love is Evil ( Completed )