2.Serein

1.4K 145 17
                                    

ရှန်ဟိုင်းရဲ့ မိုးနေ့က တခြားရက်တွေလိုပဲ သိပ်ထူးခြားနေတာ မဟုတ်ဘူး။ မိုးရွာနေရင်တောင် လမ်းတွေပေါ်မှာ ယာဉ်ကြောကရှုပ်မြဲ ...။

"God !! မိုးက ဒီရက်ပိုင်း အရမ်းရွာနေတာပဲ။ တစ်ရက်မှ ထီးမယူရတဲ့နေ့ကို မရှိဘူး။ အေးလိုက်တာလည်း အရမ်းပဲ"

ရှဲလီက မုယွမ်ဖွင့်ပေးတဲ့ မှန်တံခါးကဝင်ရင်း ကိုယ့်ကို ကျုံ့လို့ ဆိုတယ်။ ဆိုင်ထဲဝင်လိုက်တာနဲ့ အပြင်က မိုးသံလေသံနဲ့ ကားဟွန်းသံတွေက အတော်လေးတိုးသွားတယ်။

"ဒီရက်ပိုင်း ရက်ဆက်ကိုရွာနေတာ ... ။ ကိုယ့်လူနာတွေလည်း ဒါပဲ ပြောနေတာလေ"

မုယွမ်က ပြောရင်းဆိုရင်း ထီးက ရေစက်တွေကို ခပ်ကြမ်းကြမ်း ခါချတယ်။

ဇီဇာကြောင်တယ်ပဲပြောရမလား။ ထီးကိုရေမခြောက်ဘဲပစ်ထားမိတဲ့အခါ ရတတ်တဲ့ စိုထိုင်းထိုင်းအနံ့ကို မုယွမ် တစ်စက်လေးမှ သည်းမခံနိုင်တာ ဖြစ်တယ်။

ထီးကို တဖျတ်ဖျတ် ဖွင့်လိုက်ပိတ်လိုက်နဲ့ အလုပ်များနေတဲ့ မုယွမ်ကိုစောင့်ရင်း ရှဲလီကပုံပျက်ချင်နေတဲ့ ဆံပင်တွေကို အသာသပ်တင်လို့ ဆိုင်ထဲ ဝဲကြည့်တယ်။

မီးရောင်ဝါဝါနဲ့ ကော်ဖီဆိုင်က သေးသေးလေး... ။
မျက်နှာကြက်ထိရှိတဲ့ခပ်ဟောင်းဟောင်း ကျွန်းညိုရောင်စင်တွေက စာအုပ်တွေအပြည့် ... ။
နွေးထွေးတဲ့ လေထုထဲမှာ ကော်ဖီရနံ့က ခပ်သင်းသင်း ... ။
အဆွေးသီချင်းတစ်ပုဒ်ကလည်း တိုးတိုးငြိမ့်ငြိမ့် ... ။

မှန်ပြတင်းဘေးစားပွဲမှာတော့ လူတစ်ယောက်က ငြိမ်ငြိမ်လေးထိုင်နေတယ်။
အထိမခံထားရသေးမှန်းသိသာတဲ့ လက်တေးက အေးစက်စပြုလို့ ... ။ အဖုံးထူထူနဲ့ စာအုပ်လေးကလည်း အရှေ့စာမျက်နှာမှာ ရပ်တန့်နေတာ ကြာခဲ့ပြီဖြစ်တယ်။

စားပွဲပေါ်လက်နှစ်ဖက်တင်လို့ သူဟာ အပြင်က မြင်ကွင်းကို ဒီအတိုင်းလေးငေးနေခဲ့တာ ... ။

'There's a danger in loving somebody too much ... '

အဆိုတော်အမျိုးသားရဲ့ အသံချိုချိုလေးဟာ သူ့ရဲ့ လွင့်လက်စအတွေးတွေကို ပိုလို့တောင် လွင့်သွားစေတယ်။

𝒯𝒽𝑜𝓊𝓈𝒶𝓃𝒹 𝒞𝓇𝒶𝓃𝑒𝓈Where stories live. Discover now