13.Redamancy

511 65 14
                                    

ခပ်သည်းသည်းရွာနေတဲ့မိုးက ပြင်သစ်ပြတင်းကို အရှိန်နဲ့ထိမှန်တယ်။အအေးဓာတ်နဲ့ရေငွေ့လွှာပါးပါးလေးလည်း မှန်ပေါ်မှာပေါ်လာတယ်။

အဲ့ဒီမှန်ပြတင်းရှေ့မှာထိုင်ရင်း အပြင်ကိုငေးရတာ ရှောင်းကျန့်က တကယ်သဘောကျတာ...။

လူတစ်ယောက်ကို သဘောကျတယ်ဆိုတာ ဘယ်လိုခံစားချက်မျိုးလဲ?

သူ့ခါးကို သိမ်းဖက်ရင်း သူ့ပေါင်ပေါ်ခေါင်းအုံးလို့ အိပ်ပျော်နေတဲ့ ဝမ်ရိပေါ်ရဲ့ ခဲပြာရောင်ဆံနွယ်တွေကို ထိုးဖွရင်း ရှောင်းကျန့်က တွေးတယ်။

သဘောကျတယ်တဲ့လေ ... ဝမ်ရိပေါ်က သူ့ကို ... ။

ဒီလောက်ချို့ယွင်းချက်တွေအများကြီးနဲ့ ဘာမှမရှိတဲ့သူ့ကိုလေ ... ။

တစ်ညလုံးဖျားထားတာမို့ နွမ်းနေတဲ့ မျက်နှာချောချောကို သာသာလေး ထိကြည့်ကြည့်တယ်။

ညက သူ့ကို ဖက်ထုပ်ပြုတ်ကျွေး ဆေးတိုက်ပြီး စောင်နဲ့ထုပ်လို့ သိမ်းဖက်ထားခဲ့တဲ့ ဝမ်ရိပေါ်က ကိုယ်တိုင်ဆေးသောက်ဖို့တော့ သတိမရခဲ့ဘူး။ တအားအဖျားတက်နေတဲ့ အချိန်မှာတောင် သူ့ကိုဖက်ထားတာ မလွှတ်ဘူး။

ရေပတ်တိုက်ပေးဖို့ ရုန်းထွက်တော့ ရီဝေဝေမျက်ဝန်းညိုတွေက ပွင့်လာတယ်။ အဖျားသွေးနဲ့ရဲနေတဲ့ ဝမ်ရိပေါ်က သူဖယ်ပေးဖို့ ပြောကာမှ ပိုတိုးလို့ဖက်တယ်။

"လက်ဖယ်လို့ ... မင်းဖျားနေပြီ"

"မဖယ်ပေးဘူး"

"ဒီလောက်ပူကျစ်နေတာကို ... ရေပတ်ဝတ်အုပ်ရမယ်လေ... ဆေးလည်းသောက်မှဖြစ်မှာ ... ဖယ် ... ကော သွားလုပ်ပေးမယ်"

"မဖယ်ဘူးလို့ ပြောနေတယ်လေကွာ"

"ဒီလောက်ဖျားနေတာကို"

"ဖျားလို့သေသေကွာ ... ပေါင်ပေါင်း မင်းမသွားနဲ့"

အက်ရှရှဗလုံးဗထွေးပြောရင်း သူ့လည်တိုင်ထက်ကိုခေါင်းတိုးတယ်။

ဒါ ... ဖျားလို့ ဂျီတိုက်နေတာလား သူ့ကို?

သူ့ထက်လူကြီးဆန်ပြီး တည်ငြိမ်အေးဆေးနိုင်လွန်းလို့ သူမေ့သွားတာ ... ။
ဝမ်ရိပေါ်ကလည်း ဆယ်ကျော်သက် ကောင်လေးပဲရှိတာပဲ။
ရုတ်တရတ်ကြီး ဒီကောင်လေးကို သူ စချင်လာတယ်။

𝒯𝒽𝑜𝓊𝓈𝒶𝓃𝒹 𝒞𝓇𝒶𝓃𝑒𝓈Where stories live. Discover now