အချိန်က မနက်၇နာရီ ရှိပြီဖြစ်တယ်။ နွေးထွေးတဲ့နံနက်နေရောင်ဟာ တစ်လောကလုံးကို လွှမ်းခြုံထားပြီး လမ်းမတွေပေါ်မှာလည်း သက်ဝင်လှုပ်ရှားနေကြပြီ။
ရှောင်းကျန့်ရဲ့ တိုက်ခန်းကတော့ လုံးဝအလင်းမဝင်လုနီးပါး မှောင်မိုက်နေဆဲ ... ။
ဘယ်မီးကိုမှ ဖွင့်မထားဘူး။ ပြင်သစ်ပြတင်းက လိုက်ကာတွေအားလုံးလည်း ပိတ်ထားတယ်။အခန်းထဲမှာ ပန်းချီပစ္စည်းတွေရယ် အိပ်ယာနဲ့ နှစ်ယောက်အိပ်ကုတင်တစ်လုံးရယ်ကလွဲရင် ဘာမှရှိမနေဘူး။ လစ်ဟာလွန်းတယ်လို့တောင် ခံစားရတယ်။
အိပ်ယာက ကြီးလွန်းတယ်။ အေးစက်တယ်။ပြီးတော့ အထီးကျန်တယ်။
သူဘာကြောင့် ပဲရစ်ပြန်ဖို့ကို ရုတ်တရတ်ဖျက်ပစ်ပြီး ဒီတိုက်ခန်းကို ငှားပြီးလာနေမိသလဲဆိုတာ ရှောင်းကျန့်က မသိဘူး။ စဉ်းလည်းမစဉ်းစားချင်ဘူး ဖြစ်တယ်။
သူက မနေ့တစ်နေ့လုံး ဘာမှထွေထွေထူးထူးလုပ်ခဲ့တာမရှိဘူး။ အတိတ်အကြောင်းတွေနဲ့ ခပ်မှိုင်းမှိုင်းတစ်ဝက်တစ်ပျက်ပန်းချီ ... ။ ညစာကိုတောင် သတိမရလို့ သူမစားဖြစ်ခဲ့ဘူး။
အဲ့ဒါကို သူက အကြောင်းမရှိပဲ အရမ်းပင်ပန်းနေသလို ခံစားနေရတယ်။ နိုးထနေရတယ်ဆိုတာကြီးက ပင်ပန်းလို့ အိပ်ယာထဲတင်လှဲနေခဲ့တာ မနေ့က နေ့လည်ကတည်းက အခုချိန်ထိ ဖြစ်တယ်။
သူ့အစာအိမ်က ဆာလောင်မှုနဲ့ နာလာတယ်။ ဖေးကောက သူ့အတွက်ပို့ခိုင်းတဲ့ မနက်စာနဲ့အတူ Delivery သမားကလည်း လူခေါ်ခေါင်းလောင်းနှိပ်သွားတာ မိနစ်ပိုင်း ရှိပြီ။ ဒါပေမယ့် သူက ဂရုမစိုက်ပဲ ဆက်ငြိမ်နေတယ်။
ဖေးကောက သူ့ကို အဲ့လို အသေးစိတ်ကစလိုက်ဂရုစိုက်ပေးပေမယ့် သူဟာ အတိတ်တစ်ချိန်က တစ်ယောက်သောသူရဲ့ အသင့်စားဖက်ထုပ်ပြုတ်နွေးနွေး တစ်ခွက်ကိုပဲ သတိရဆဲဖြစ်တယ်။
အချစ်ဦးဟာ အချစ်ဦးပါပဲ။ မဆိုင်တော့ရင်တောင် ရင်ထဲတမြေ့မြေ့ ... ။
"Meow"
ကြောင်သံတိုးတိုးက ဧည့်ခန်းဘက်က ထွက်လာတယ်။
သူပိတ်မထားတဲ့ လေသာဆောင်တံခါးက ဝင်လာတဲ့ အိမ်နီးချင်းတွေရဲ့ကြောင်တစ်ကောင်ဖြစ်မယ် ထင်ပါတယ်။