5.Long Island Iced Tea

894 104 7
                                    

အနောက်တိုင်းရဲ့ လူမှုအသိုင်းအဝိုင်းဟာ သိပ်ပြီး ထူးခြားနေတာတော့ မဟုတ်ဘူး။
ဒါပေမယ့် အရှေ့တိုင်းနဲ့ ယှဉ်ရင်တော့ ပိုပြီး ရဲတင်းလွတ်လပ်တဲ့အထဲမှာ ပါတယ်။

နားလည်အောင်ပြောရမယ်ဆိုရင် ဘားမှာ တစ်ယောက်ထဲထိုင်နေတဲ့ ခပ်ချောချောအာရှသားလူငယ်လေးကို ဆယ်မိနစ်ခြားတစ်ယောက်လောက် ဖုန်းနံပါတ်လာတောင်းခံနေရတာမျိုး ... ၊ အရက်ဝယ်တိုက်မယ် ကမ်းလှမ်းခံရတာမျိုးပေါ့။

Leo Wang ... ။
Brooklyn Social Bar မှာတော့ သူက နာမည်ကြီးပဲ။

ငယ်တယ်။ ချောတယ်။ စကားနည်းတယ်။ တသီးတသန့်ဆန်တယ်။
ဒါပေမယ့် အေးစက်နေတာမျိုးလည်း မဟုတ်ဘူး။
သာမန်ဝံပုလွေတစ်အုပ်ရဲ့ အထက်က Alpha ဝံပုလွေတစ်ကောင်ရဲ့ တိတ်ဆိတ်တဲ့ အရိုင်းဆန်ခြင်းမျိုး ... ။

သူ့မှာ အခွင့်မရှိပဲ အနားကပ်မလာနဲ့ ဆိုတဲ့ အငွေ့အသက်တွေက အပြည့်...။
ဒါပေမယ့် အဲ့ဒါကိုက သိပ်ကို စွဲမက်စရာကောင်းနေတာပဲ။

အခု သူက မာတီနီတစ်ခွက်နဲ့ ဘားရဲ့အနောက်ဘက် က ဘိလိယက်ခုံမှာ ရှိနေတယ်။ မိန်းကလေးတွေဆီက ဖုန်းနံပါတ်ရေးထားတဲ့ စာတိုကလေးတွေက ခုံစွန်းမှာပုံလို့ ... ။

Brooklyn Social က ဘာမှထူးခြားတာသိပ်မရှိဘူး။ Retro ဆန်တဲ့အပြင်အဆင် နဲ့ ဂီတ ... ။
​ခပ်မှိန်မှိန်မီးဝါဝါတွေနဲ့ ခပ်ဟောင်းဟောင်းနှင်းဆီနွမ်းနွမ်းတွေ ... ။

လူငယ်ဆန်မှုက ဘယ်ထောင့်မှာမှ ရှိမနေဘူး။
ဒါပေမယ့် ဆယ်ကျော်သက်အရွယ် Leo Wang ကိုတော့ ဒီဘားမှာပဲ အမြဲတွေ့ရလေ့ရှိတယ်။

ဂျင်းအနက်ရောင်နဲ့ ခဲပြာရောင်ရင့်ရင့်ဆံနွယ်ရိုင်းတွေ ... ။
Sweatshirt နက်ပြာရောင်ရင့်ရင့်နဲ့ လက်ကောက်ဝတ်က အနက်ရောင် Rolex နာရီ ... ။
လက်ကြားညှပ်ထားတတ်တဲ့ အနက်ရောင်ဆိုဘရာနီ...။

ငယ်ရွယ်အရိုင်းဆန်ခြင်းဟာ ငြိမ်သက်ဂန္တဝင်ဆန်မှုနဲ့ လားလားမှမဆိုင်ဘူး။
သူကတော့ ခြွင်းချက်...။

မသက်ဆိုင်ဆုံးအရာတွေကိုရောစပ်ထားရင်တောင် သူ့ဆီမှာတော့ လိုက်လျောညီထွေဖြစ်ကြည့်ကောင်းနေဦးမှာပဲ။

𝒯𝒽𝑜𝓊𝓈𝒶𝓃𝒹 𝒞𝓇𝒶𝓃𝑒𝓈Where stories live. Discover now