6.Reverie

874 108 11
                                    

ရေခဲများများနဲ့ သံပရာတစ်စိတ်တပ်လို့
ခပ်ကြည်ကြည် ပယင်းရောင်အဆင်းနဲ့ ဘယ်လိုမှ အယ်လ်ကိုဟော ရာခိုင်နှုန်းများမယ်လို့ ထင်စရာမရှိတဲ့ cocktail ... ။

Long Island Iced Tea လို့ နာမည်တပ်ထားပေမယ့် Tea နဲ့တူတာ တစ်စက်လေးမှ မပါဘူး။
Vodka ပါရောထားလို့ အတော်လေးလည်း ပြင်းတယ်။

Cola ကို လိမ္မော်ရည်နဲ့ သံပရာရည်လာရောထားသလို ချိုတယ်။ချဉ်တယ်။ ခါးတယ်။

ပြီးတော့ သူပဲစိတ်ထင်နေလို့လားမသိ...။ သောက်ရင်းနဲ့
တဖြည်းဖြည်းချင်း ပိုပိုပြီးတောင် ခါးလာသလိုပဲ။

တအားကြီးဆိုးဝါးတယ်မပြောသာပေမယ့် ဘီယာတောင် မသောက်ဖူးတဲ့ ရှောင်းကျန့်အတွက်တော့ တော်တော်လေး အဆင်မပြေတဲ့အရသာကြီးပဲ။

Iced Tea ဆိုလို့ အရက်မပါလောက်ဘူးထင်ခဲ့တာ ... ။
အခုတော့ ပါးတွေက ဖြည်းဖြည်းချင်းရဲလာပြီး လူက ရီဝေဝေဖြစ်ချင်နေပြီ။ ဒါတောင် တစ်ဝက်ပြည့်အောင် မသောက်ရသေးဘူး။

သူ့ရှေ့ကလူကတော့ ကောင်တာပေါ် လက်တစ်ဖက်နဲ့မေးထောက်ရင်း ကော့တေးတစ်ခွက်နဲ့ ရှောင်းကျန့် ကမ္ဘာပျက်နေတာကို ထိုင်ကြည့်နေတယ်။

"ခါးတယ်!"

ရှောင်းကျန့်က တိုးတိုးလေးပြောတယ်။
လက်နှစ်ဖက်နဲ့ ဂရုတစိုက်ကိုင်လို့ ခွက်ကို သာသာလေး ကောင်တာပေါ်ပြန်တင်တယ်။
ပြီးတော့ အပြစ်လုပ်မိထားသလို ခေါင်းကို ငုံ့ထားရင်း ဆိုတယ်။

"မသောက်ချင်တော့ဘူး!"

တိတ်တိတ်လေး မျက်လုံးလှန်လို့ ခိုးကြည့်တဲ့အခါ မျက်ဝန်းညိုတွေနဲ့ဆုံတယ်။

သူ့မျက်ဝန်းညိုတွေဟာ သဘောကျစရာတစ်ခုကို တွေ့သွားတဲ့လူလိုမျိုး အရောင်တစ်မျိုးနဲ့လဲ့နေတယ်။
ရှောင်းကျန့်မြင်ဖူးတဲ့ maldives ရဲ့ နေဝင်ချိန်လိုမျိုး မီးရောင်ဝါဝါအောက်က သူ့မျက်လုံးတွေဟာ သိပ်ကို ငေးမောဖို့ကောင်းနေခဲ့တာပါပဲ။

ကြောင်အမ်းအမ်းငေးနေမိပြီးတဲ့နောက် တဖြည်းဖြည်းထိုးတက်လာတဲ့ နှလုံးခုန်နှုန်းနဲ့အတူ မျက်နှာက ပူထူလာတယ်။ ဒီအတိုင်းဆက်စိုက်ကြည့်ခံနေရရင် သူဒီနေရာက အငွေ့ပျံသွားတော့မယ် ထင်တယ်။

𝒯𝒽𝑜𝓊𝓈𝒶𝓃𝒹 𝒞𝓇𝒶𝓃𝑒𝓈Where stories live. Discover now