ညှိုးရော်သေဆုံးသွားတဲ့ သစ်ပင်တစ်ပင်က ပြန်ရှင်သန်လာဖို့ ဖြစ်နိုင်သေးလား?
လေသာဆောင်မှာ သူရေမလောင်းဖြစ်လို့ ညှိုးရော်နေတဲ့ သစ်ပင်ကို ထိုင်ကြည့်ရင်း အချိန်ဘယ်လောက်ကုန်မှန်းမသိကုန်သွားတယ်။
တမင်လုပ်တာမျိုးတော့ မဟုတ်ပေမယ့် တစ်ခုခုကို အချိန်အကြာကြီးရည်ရွယ်ချက်မရှိငေးကြောင်ကြည့်နေမိတဲ့အချိန်တွေ များလာတာကို သူ့ကိုယ်သူ သတိထားမိတယ်။
ဖေးကောနဲ့ရှင်းဟွေ မသိအောင်အာခံရင်းက အရာမယွင်းတဲ့ဆေးဘူးတွေနဲ့ သက်ဆိုင်မယ်ထင်ရဲ့...။သိရက်နဲ့ ဒီအတိုင်းပဲငြိမ်နေချင်တဲ့စိတ်ကို သူမနိုင်တာတော့ အခက်သားပဲ။
"ကျန့်ကော"
တံခါးဖွင့်သံနဲ့အတူ အသံအေးအေးကို ကြားတယ်။
"ကိုယ်ရောက်ပြီ။ နေ့လည်စာမစားရသေးဘူးမလား"
ဘာမှပြန်မဖြေပဲ မီးဖိုခန်းဝမှာ ခုံရွှေ့လို့ သွားထိုင်ရင်း မီးဖိုရှေ့အလုပ်များနေတဲ့ကျောပြင်ကျယ်ကို သူက ပြောင်းငေးတယ်။ ဒါက ဒီရက်ပိုင်း သူ့ကို လှုပ်ရှားနိုင်စွမ်းပေးနေတဲ့ တစ်ခုတည်းသော သံပတ်လေး ဖြစ်တယ်။
သူ့အိမ်မှာ ခွင့်မတောင်းပဲ လာနေနေတာ ကျင်းကော်အပြင် သူ့သခင်ပါတိုးလာတယ်။
ဒါပေမယ့် သူကတော့ စိတ်မရှိပါဘူး။နာရီကို သူမကြည့်ဘူး။
အချိန်ကို ဝမ်ရိပေါ် သူ့နားရှိခြင်း မရှိခြင်းနဲ့ပဲ တိုင်းတယ်။
ဘယ်လောက်အလုပ်များများ သူစားချိန်ရောက်ရင် အမြဲပြန်လာတတ်တာမို့ ... ။"ကော ... စားလို့ရပြီ"
"အင်း"
ပုံမှန်ဆို သူက စားဖို့ ငြီးငွေ့နေလို့ မစားမိလိုက်တဲ့အခါတွေမနည်းပေမယ့် သူ့ရဲ့ မူပိုင်နေရောင်နွေးနွေးက သူစားတာကို မေးထောက်ထိုင်ကြည့်နေတဲ့အခါ ဘယ်လိုစားဝင်မှန်းမသိဝင်သွားတာပဲ။
"မင်းရော? မစားဘူးလား"
"အင်း မစားတာအကျင့်ဖြစ်နေပြီမလို့"
"မင်းကအစာအိမ်နာတတ်တာကို"
လွှတ်ခနဲ ပြောမိပြီးမှ စည်းကျော်မိသွားပြန်တဲ့အကြောင်း သတိရရပြန်တယ်။