11.Blue

484 48 8
                                    

မနက် ၈နာရီ ၃၂ မိနစ် ... ။

မနက်ခင်းနေရောင်က ဖွင့်ထားတဲ့ ပြင်သစ်ပြတင်းကတစ်ဆင့် အခန်းထဲ ခပ်ဖျော့ဖျော့ ဖျာကျတယ်။

ဆင်စွယ်ရောင်လိုက်ကာပါးပါးကို တဖျတ်ဖျတ်လွင့်နေစေတဲ့ လေပြေအေးအေးက မျက်နှာထက် တိုးဝှေ့လာတဲ့အခါ ဘယ်လိုမှ ဆက်အိပ်နေလို့မရတော့ဘူး။

သူနေ့လည်က အိပ်ပျော်သွားတာ နောက်တစ်ရက် မနက်ထိပါ ကူးသွားခဲ့တာပဲ ... ။

သူဒီလို ဘာအိပ်မက်မှမမက်ဘဲ ကောင်းကောင်းအိပ်ပျော်ခဲ့တာ ဘယ်အချိန်က နောက်ဆုံးလဲဆိုတာတောင် သူမမှတ်မိတော့ဘူး။

ရှုပ်ပြီးသားဆံပင်ကို ထိုးဖွပစ်လိုက်ပြီး ဖုန်းကို ကောက်ဖွင့်တော့ ရှင်းဟွေဆီကနေ အာဖရိကကိုရောက်ပြီဖြစ်တဲ့အကြောင်း စာတိုလေးကို တွေ့တယ်။

သူ့ထုံးစံအတိုင်း ဖတ်ပဲဖတ်ပြီး စာမပြန်ဖြစ်ပေမယ့် ရှောင်းကျန့်နှုတ်ခမ်းတွေက မသိလိုက်ပဲ အလိုလိုပြုံးသွားတယ်။ ဒီကလေးက အမြဲတမ်းတက်ကြွရွှင်မြူးနေပြီး ဘေးနားကလူတိုင်းကို ပျော်ရွှင်မှုတွေကူးစက်စေနိုင်စွမ်းရှိတဲ့ နေမင်းအသေးစားလေး ... ။

ဒီကလေးပျော်နေတာမြင်ရင် သူလည်း ကြည်နူးရတယ်။ ဝမ်ရိပေါ်ကို လက်လွှတ်ပြီး သူ့အသည်းတစ်ခြမ်းနဲ့ လဲယူခဲ့ရတဲ့ ညီလေးပေမယ့် နောင်တမရဘူး။

ဝမ်ရိပေါ်က သူ့ရဲ့အိမ် ... သူ့ရဲ့ကမ္ဘာပတ်လမ်းကြောင်း နဲ့ သူ့နှလုံးသားတစ်ခုလုံးဖြစ်ခဲ့ပေမယ့် ရှင်းဟွေအတွက်တော့ သူက တစ်ခုတည်းသော ရှင်သန်ရာ ဖြစ်နေခဲ့တာမို့ ... ။

သက်ပြင်းတိုးတိုးချရင်း အနားကို ဝေ့ကြည့်မိတော့ သူကလွဲရင် အခန်းထဲမှာ တခြားဘယ်သူမှ ရှိမနေဘူး။

သူ့ခြေရင်းမှာ ခွေအိပ်နေတဲ့ ကျင်းကော်သာရှိမနေရင် ... လိုက်ကာတွေကိုအမြဲပိတ်လို့ အမှောင်ချထားတတ်တဲ့ သူ့အိပ်ခန်းကသာ မနက်နေရောင်နွေးနွေးနဲ့ လင်းမနေခဲ့ရင် ... မနေ့က ကြုံသမျှဟာ အိပ်မက်လို့ပဲ ထင်မိလောက်မယ်။

ဝမ်ရိပေါ် ... ။

လွမ်းဆွတ်ခြင်းလို့ သူအဓိပ္ပာယ်ပြန်မိတဲ့ နင့်နင့်နဲနဲစိုက်ကြည့်တတ်တဲ့ မျက်ဝန်းညိုတွေ ... အိပ်တစ်ဝက် နိုးတစ်ဝက်အနေအထားမှာ သတိထားမိလိုက်တဲ့ သူ့လက်ကို ဖွဖွလေး ခိုးကြောင်ခိုးဝှက်ဆုပ်ကိုင်ထားခဲ့တဲ့ လက်ဝါးနွေးနွေးတွေ ... ။

𝒯𝒽𝑜𝓊𝓈𝒶𝓃𝒹 𝒞𝓇𝒶𝓃𝑒𝓈Where stories live. Discover now