ep 1

3.1K 58 6
                                    

အတ္တများရဲ့သခင်

Ep 1

"မမရေမမ"

ထူးသံမကြားမချင်းအတင်းတွေအော်ခေါ်နေလေတယ်

"ဘာလည်းလွှမ်းရယ် နားတွေအူလာပီ"

အမဖြစ်သူနွေသွန်းပန်းချီမှာအေးဆေးသူဖစ်၍ဆူညံသံများကိုမကြိုက်ပါ

"မမဒီဟာကဘယ်လိုလုပ်ရတာလည်း"

"လွှမ်း! နင့်အသက်က25နော်မီးသီးလေးတောင်မလဲတတ်ဘူးလား"

မီးဖိုချောင်ကမီးသီးကျွမ်းသွားလို့လဲခိုင်းလိုက်တာဆက်တိုက်ကိုအမေးကမရပ်ပါစက်ချုပ်ဆိုင်ဖစ်တာကြောင့်ယောက်ျား‌ေလးဆိုသူတစ်ယောက်သာရှိပါတယ်

"ဟာ..မမကလည်း"

ငယ်"ထဲကမိဘတွေသေဆုံးသွားပီးဒီမောင်လေးတစ်ယောက်သာသူမဘဝမှာကျန်ခဲ့တာပါသူမအရမ်းချစ်ပါတယ်ဒါပေမဲ့သူမ မနစ်နိုင်ပါမောင်လေးကိုကောင်းစားစေချင်ပါတယ်ရင့်ကျပ်စေချင်မိပါတယ်ဒါကြောင့်လည်းအမြဲတင်းမာနေခဲ့မိတာပါ

*‌ဒေါက်"*

"မမရေဧသည်လာတယ်"

"လွှမ်းရေဖွင့်ပေးလိုက်အုန်း"

~~~~~~~~~~~

"သားရေ သားရှိုန်"

"ပြောလေ"

"အမေနဲ့အထည်ဆိုင်လိုက်ခဲ့ပါလား"

သူမခေါ်သာခေါ်ရတယ်သားမလိုက်တာသိပါတယ်

"မလိုက်နိုင်ဘူး"

အဖြေမှာပြတ်သားလွန်းပါတယ်

"လိုက်ခဲ့ပါသားရယ်နော်ဒရိုက်ဘာကိုသားဒေါ်လေးခေါ်သွားလို့ပါ"

သူမကားမမောင်းတတ်ပါအမြဲဒရိုက်ဘာနဲ့သာသွားလေ့ရှိပီးအခုဒရိုက်ဘာကိုညီမဖစ်သူခေါ်သွားတာကြောင့်သားကိုမရမကခေါ်နေရတာပါ

မလိုက်မချင်းနားပူနေတာကြောင့်လိုက်သွားဖို့စုံးဖြတ်လိုက်ပါတယ်

"ခဏစောင့် အင်္ကျီသွားလဲလိုက်အုန်းမယ်"

"အင်းအမေစောင့်နေမယ်"

ဒေါ်ရွှေမြင့်မိုရ်ထက်ပျော်သွားမိပါတယ်ဦးမြတ်ဘုန်းသခင်ကွယ်လွန်သွားထဲကသားလေးနဲ့အတူအပြင်သွားရတာဒါပထမဆုံးရယ်ပါ

အတ္တများရဲ့သခင် // အတ္တများရဲ့သခင် Where stories live. Discover now