18

863 25 9
                                    

ကျုပ်ရဲ့ကမ္ဘာပြိုခဲ့ပါပီ ကျုပ်ချစ်ရသူကျုပ်ဘေးမရှိတော့ဘူး ကျုပ်မှားလို့လားဗျာ ချစ်လို့သဝင်တိုမိတာပါ ကျုပ်အရမ်းမှားသွားခဲ့လေသလား

  "လွှမ်းတခေတ်နွေ..ခဗျားကိုကျုပ်ကစောက်ရမ်းချစ်တာဗျ"

ဂုဏ်ရှိုန်သခင် ဆေးရုံအတွင်းသို့ဝင်လာချိန် ပြာယာခတ်နေကြသောဆရာဝန်များ နပ်စ်များ ကိုတွေ့ရသည် ဂရုမထားပဲချစ်ရသူရှိရာအခန်းထဲ ဝင်ခဲ့တော့ ပြောင်ရှင်းနေသောကုတင်နဲ့ ခရမ်းရောင်စာလေးတစ်ရွက်

  "မင်းကိုသိပ်မုန်းတယ် တဲ့လေ"

မုန်းပါ မောင်ကချစ်ရင်ရပီ ခဗျားကိုလေ မောင်တွေ့အောင်ရှာမှာသိလား

~~~~~~~~~~~~~~~

  "နွေ ကြိုးစိုက်ခင်းထဲသွားအုန်းမယ်နော်"

သီချင်းနားထောင်နေရာမှာ နားကြပ်ကိုလာဖြုတ်ကာပြောသော မာယာကကြိုး

"အော်အင်း မာယာသွားလေ"

  "ဘာသီးစားမလည်း"

  "ပျားလိမ္မော်"

  "ကြိုး ခူးလာခဲ့မယ်နော် နွေ"

ပါးလေးကိုဆွဲကထွက်သွားခဲ့တယ်

မာယာကကြိုး သူမကိုမုန်းမိခဲ့သည်မှာအမှန်တရားပင် သို့သော်ထိုနေ့ကသူမရောက်လာခဲ့တယ်

  "နွေ တို့ကြောင့်ပါ တို့ကြောင့်"

မာနကြီးပါသည်ဆိုသောထိုမိန်းကလေးက သူ့အားဒူးထောက်ကာအကြိမ်ကြိမ်တောင်းပန်နေခဲ့တယ်

  "တကယ်တော့တို့ချစ်ခဲ့တာ မင်းကိုပါ‌နွေ တို့ပထမဆုံးလိုချင်တပ်မက်မိခဲ့တာမင်းကိုပါနွေရယ် တို့လေအရာရာကိုစွန့်လွှတ်ခဲ့ရလို့ မင်းကိုပဲဖြစ်ဖြစ် ပိုင်ဆိုင်ချင်မိခဲ့တာပါ"

သူမပြုခဲ့သောအမှားတွေကိုပြောပြကာတောင်းပန်ခဲ့တယ် ကျန်တော့ကိုချစ်လို့သူမက ငွေတွေကိုကျောခိုင်းခဲ့သည်တဲ့လေ ပီးတော့ သူမကကမ်းလှမ်းခဲ့တယ် ဂုဏ့်ကို အသိတရားရစေဖို့သူနဲ့လိုက်ခဲ့ပါတဲ့လေ အတော်ကြာစဉ်းစားပီးမှ ကျန်တော့သူ့နောက်လိုက်ခဲ့တယ်။

‌မေမြို့လေးကိုပေါ့ နိုင်ငံခြားမှာကြီးပြင်းခဲ့တဲ့ ထိုမိန်းကလေးကလေ မနက်နိုးရင်မျက်နှာသစ်ဖို့ကစ မနက်စာထိ ညအိပ်ချိန် နွားနို့အဆုံး သူမအကုန်လုပ်ပေးခဲ့တယ် ထိုနူးနူးညံ့ညံ့မိန်းမလှလေးကလေ ခြံထဲဆင်းပီးလုပ်လုပ်ခဲ့တယ် သူမကိုမုန်းခဲ့မိတယ် တောင်းပန်ချင်မိပေမဲ့ ပြောလို့ပင်မထွက်နိုင်ခဲ့ပါ။

အတ္တများရဲ့သခင် // အတ္တများရဲ့သခင် Where stories live. Discover now