ep 13

882 23 2
                                    

အဖြူရောင်တွေလွှမ်းခြုံထားတဲ့အခန်းထဲမှာ လူအများကရောက်ရှိနေကြတယ် တချို့‌လူတွေအတွက်ကတော့အထူးအဆန်းပေါ့ သတိုးသားနှစ်ယောက်ရဲ့ မင်္ဂလာပွဲမဟုတ်ပါလား

  "လွှမ်း မောင်နဲ့အတူတဝင်မယ်နော်"

ဟင် မောင် သူထပ်ပြောပြန်ပါပီ သူ့ကိုယ်သူမောင်တဲ့

   "လာဝင်ကြမယ်"

ဘယ်သူကသူ့အပိုင်မဟုတ်ဘူးပြောမှမလို့လည်း လက်ကိုကိုင်ထားတာကျစ်နေအောင် ဘယ်သူကထွက်ပြေးမှာမလို့လည်း

သူ့မျက်နှာမှာကြည်နူးမှုတွေအပြည့်ပါပဲလား သူတကယ်ငါ့ကိုလက်ထပ်ချင်တာလား တခြားဘာအကြောင်းမှမပါပဲလေ တကယ်ပဲ ငါ့ကိုလက်ထပ်ချင်ခဲ့တာလား

  "ပြုံးထား တော်ကြာမဒိမ်းကျင့်ယူထားတယ်ပြောနေကြမယ်"

   "ဟာမင်း..!"

   "အော် ဦးတေဇလည်းလာတာပဲလား"

စကားဆုံးအောင်ပြောခွင့်မပေး ဒီကောင်ကတော့လေ

ဂတိသစ္စာဆိုရတော့မယ့်အချိန်ရောက်လာခဲ့တယ် တကယ်တမ်းဒီအစီစဉ်ကမပါပေ သူကသစ္စာဆိုချင်သတဲ့လေ

   "သတိုးသားမောင်ဂုဏ်ရှိုန်သခင်သည် သတိုးသား‌ေမာင်လွှမ်းတခေတ်နွေပေါ် သစ္စာရှိစွာ သက်ဆုံးတိုင်ကြင်နာပေမည်လား"

  "ဟုတ်ကဲ့ သက်ဆုံးထိတိုင် ကြင်နာချစ်မြတ်နိုးပါ့မယ်"

ဘာကြောင့်လည်း သူပြောလိုက်တဲ့စကားက ဘာကြောင့်ငါ့ရင်ကိုလှုပ်ခတ်စေရသလည်း

   "သတိုးသားမောင်လွှမ်းခေတ်နွေသည် သတိုးသားမောင်ဂုဏ်ရှိုန်သခင်ပေါ် သစ္စာရှိစွာ သက်ဆုံးတိုင်ကြင်နာပါမည်လား"

  "ဟုတ် ဟုတ်ကဲ့ ကြင်နာပါ့မယ်'

   "နမ်းပါဗျို့!!!!!!!!!"

   "ဟင် မဟုတ် အင့်"

မသိလိုက်ခင်မှာပဲ နှုတ်ခမ်းတစ်စုံသိမ်းပိုက်ခံလိုက်ရတယ် မသိလိုက်ခင်မှာပါပဲ ကျန်တော့်နှလုံးသားကိုပါ သူအပိုင်သိမ်းသွားခဲ့တာပဲ ဘယ်အချိန်ကမှန်းတောင် ကျန်တော်မသိလိုက်ရပါပဲ ရင်ခုန်သံတိုင်းသူ့အတွက် ဖြစ်သွားခဲ့ရတယ်

အတ္တများရဲ့သခင် // အတ္တများရဲ့သခင် Where stories live. Discover now