ep 11

1.4K 40 6
                                    

မိုးကမအုံ့ပါ နေသာနေလားဆိုတော့လည်း မသာပြန်ပါဘူး လေတွေတိုက်ခတ်နေပီး ကောင်းကင်ကလင်းနေတယ် သာယာနေတာလည်းမဟုပ်ပြန်ပါ ခန့်မှန်းမရတဲ့ရာသီဥတုရယ်ပါ မိုးရွာမှာလား နေပူမှာလား ဒါမှမဟုပ် နေပူရင်းနဲ့ပဲမိုးတေွရွာချမှာလား

  "လွမ်း ရော့"

လက်ထဲကိုထည့်လာပေးသော အနီရဲရဲဖိတ်စာလေး

  "ဒါက.."

   "စိုင်းမာန်အမေမွေးနေ့လေ ဒီည"

လွှမ်းမသွားချင်ပါ သားကိုတောင်သိပ်ရင်းနှီးတာမဟုပ် အခုအမေဆိုတော့ဝေးပါတယ်

     "အမနွေလည်းလာမှာ"

ဟမ်.? မမကဘာကြောင့်လည်း ဘယ်လိုရင်းနှီးကြတာလည်း

    "အန်တီက အမနွေဆိုင်မှာအင်္ကျီအပ်ရင်းနဲ့ ခင်ကြတာလေ"

   "အော်..."

သူထုပ်မပြောခဲ့ပါ ဒါပေမဲ့ဒီကောင်ဆိုးလေး သိနေခဲ့တယ် ထုပ်မေးစရာမလိုပါပဲ ဒီကောင်ဆိုးလေး အကုန်ဖြေသွားခဲ့တယ် မင်းကပဲတော်လွန်းနေခဲ့တာလား ငါကပဲ သိသားလွန်းနေခဲ့တာလား...

~~~~

ညအမှောင်မှာ လင်းလတ်နေတဲ့ မီးရောင်စုံများထွန်းလင်းထားတဲ့ အိမ်လေးထဲမှာ လူပေါင်းများစွာ စီညီနေလေတယ် ထိုအထဲမှာမှ အရပ်အမောင်း ရုပ်ရည်အရပါထင်းလင်းနေကား မိန်းမငယ် မိန်မလတ်တို့ရဲ့ အာရုံကိုဖမ်းစားနေသော ညီနှောင်နှစ်ပါးမှာ ဂုဏ်မာန်ညီ‌ေနာင်ပင်

   "ဟျောင့် သခင်"

အစားအသောက်တွေ ရွေးနေတုန်းခေါ်တာကြောင့် ထူးသံလည်းမပေး မျက်လုံးဖြင့်လည်းမကြည့်ပါပဲ မျက်ခုန်းကိုသာ ပင့်တင်ပြလေတယ်

  "မင်းဟာကြီးမလာသေးဘူးလား"

   "ဟမ်?"

ရုပ်တရတ်ကြောင်အသွားကာ နားမလည်သလိုကြည့်လိုက်မိတယ်

  "အော် ဟာလေးလို့ပြောကအောင်လည်း မင်းထက်အသက်ကြီးနေတော့ မင်းရဲ့ဟာကြီး လွှမ်းတခေတ်နွေကိုပြောတာ"

ရီသံနှောကာပြောပြောလိုက်တဲ့မာန်ကြောင့် ဂုဏ်မှာပြုံးစစရယ်

အတ္တများရဲ့သခင် // အတ္တများရဲ့သခင် Where stories live. Discover now