ep6

1.3K 35 0
                                    

"အကို"

ကုတင်ပေါ်မှာလှဲနေ‌တုန်းခေါ်သံကြားလို့ကြည့်မိလိုက်တယ်

  "မထနဲ့ နေပါဗျာ"

ဓနကထဖို့ကြိုးစားနေတဲ့ လွှမ်းကိုတားလိုက်တယ်

"ဓန မင်းဘယ်လိုသိတာလည်း"

လွှမ်းက ဖြည်းဖြည်းခြင်းထကာမေးလိုက်တယ် လူရှိရက်သားနဲ့တော့ လှဲမနေချင်ပါ

  "အော် အကိုနွေရယ် အိမ်နီးချင်းတွေပဲမဟုတ်လားဗျာ"

   "အော်"

ဟုတ်သားပဲ အိမ်နီးချင်းတွေပဲလေ သိတာမဆန်းပါ

  "အကိုနွေ သက်သာလား"

ပျားလိမ္မော်ကိုထုပ်ကာ ဘေစင်နားသို့လျှောက်လာပါတယ်

"အင်း သက်သာပါတယ် မကြာခင်ဆင်းရတော့မှာ"

  "သက်သက်သာသာနားပါဗျာ"

ခွာပီးသားအသီးနွှာလေးများကိုရေဆေးကာ ပန်ကန်ထဲသေချာထည့်ယူလာပါတယ်

  "ဆေးရုံကိုမကြိုက်ဘူး အမြန်ပြန်ချင်နေတာ"

ကုတင်ဘေးမှာ ဝင်ထိုင်ပီး လွှမ်းအဖြေကိုသဘောတကျရီမောလိုက်ပါတယ်

  "ဟအကို ကျန်တော်ကျွေးမယ်"

အသီးနွှာလေးများကို လွှမ်းရဲ့နှုတ်ခမ်းနားတည့်ပေးလိုက်တယ်

ဓနကျွေးတဲ့ အသီးနွှားလေးကိုစားပီး လွှမ်းတစ်ယောက်ဓနကိုကြည့်နေမိတယ် ဒီကောင်လေးကသိပ်နွေးထွေးပီး သိပ်ကိုဂရုစိုက်တတ်ပါတယ်

  "အကိုနွေ အိပ်တော့လေကျန်တော်စောင့်ပေးမယ်"

ပန်ကန်ကို ဘေးချကာ လွှမ်းကိုပြုံးပြပီး အိပ်ဖို့ပြောပါတယ်

  "အင်း အကိုအိပ်တော့မယ် ပျင်းနေရင်ပြန်နော် အကိုကရတယ်"

~~~~~~~~~

စိန်ဂေဟာမှာ ဂုဏ်တစ်ယောက်ဈေးဝယ်ရင်းအလုပ်ရှုပ်နေပါတယ် သူငယ်ချင်းဖြစ်သူမာန်မှာလဲဗြာများနေရပါတယ်

  "ဟျောင့် သခင်ရာ မင်းဝယ်လို့မပီးသေးဘူးလားဟ"

ဈေးဝယ်ခြင်းထဲမှာ အထုပ်ပေါင်းသောင်းခြောက်ထောင်နဲ့ရယ်ပါ ဒါတောင်ပြန်ဖို့စိတ်ကူးရှိပုံမရပါ

အတ္တများရဲ့သခင် // အတ္တများရဲ့သခင် Where stories live. Discover now