15

882 16 2
                                    

ချစ်ခြင်းတစ်ခုက နားလည်မှူတွေ ယုံကြည်မှုတွေနဲ့ တည်ဆောက်ကြသတဲ့ မှန်တယ်ထင်တယ် ယုံကြည်မှုတွေမရှိတော့ရင် အဲ့ဒီအချစ်ဆိုတဲ့ ‌တွဲလက်လေးက မသိလိုက်ခင်မှာပဲ ကွဲကွာသွားကြတယ်

မုန်တိုင်းပီးရင် ရောင်နီလာတတ်ပါတယ်တဲ့ ရောင်နီလာပီး ထက်မှန်မုန်တိုင်း တိုက်ခဲ့ရင် အဲ့ဒီဒဏ်ကိုခံနိုင်ကြပါမလားလေ..။

"ကိုကို"

"ဟင်"

ဟင်းချက်နေတုန်း အနောက်မှခါးကိုဖတ်ကာ ကိုကိုဟုခေါ်သော ဂုဏ်ရှိုန်သခင်

"ကိုကိုလို့"

"ဟမ် ဟင်"

စိတ်လိုလက်ရခေါ်နေရင် စိတ်မရှည်အောင်ကိုကိုသိပ်လုပ်ပြန်ပီ

"ဗျား မောင်လို့ထူးလေကိုကို"

"ဟမ် အဲ ဗျာ မောင်"

သူတစ်ယောက်ထဲနဲ့ကိုရှုပ်နေပါတယ် ဟုတ်တယ်လေမရှုပ်ခံနိုင်မလား ရုပ်တရပ်ကြီးကိုကိုဆိုတော့ လန့်တာပေါ့

"ဒီနေ့ရုပ်ရှင်သွားကြည့်ကြမယ်လေ"

ပခုန်းပေါ်မေးလေးတင်ကာ ပြောလာသောမောင့်ကြောင့် ကြည်နူးရပါတယ်လေ

"ဒါပေမဲ့ အလုပ်ရှိတယ်လေ"

"ဖြတ်လိုက်ပီ မသွားတော့ဘူး ဒီနေ့တာတေကြီးကရုံတင်တယ်လေ"

ဒီကလေးက သရဲကားလည်းကြည့်တာပဲလား

"အင်း သွားကြမယ်လေ အင်္ကျီလဲအုန်းမယ်"

"ဟုတ်"

အမလေး ကျပ်သီးများထရပါတယ် မောင်ယဉ်ကျေးချိုသာနေပေမဲ့ လန့်စရာရယ်ပါ

ရှပ်အဖြူဝတ်ဆင်ပီး‌ေဘာင်းဘီတိုအနက်ဝတ်ထားသော ကောင်လေးမှာ ဖြူနုပီးသွယ်တယ်မဟုတ်သောလည်း ကြည့်ကောင်းတဲ့ခြေသလုံးလေးတွေမှာ ထင်းကလှနေလေတယ်

ရှပ်နီညိုနဲ့ကောင်လေးကတော့ ညို့ဓာတ်ပြင်းကာ သိပ်ကိုပင်ချောမောလှတယ်

ဂမုန်းပွင့်ထဲ ခြေလှမ်းများချလိုက်တယ်ဆိုရင်ပဲ အဲကွန်းလေကစိမ့်နေတယ် အထပ်တွေကိုဖြတ်ကျော်ပီးနောက် ရုပ်ရှင်လက်မှတ်ဖြတ်ကာ မုန့်တွေဝယ်နေလိုက်တယ်

အတ္တများရဲ့သခင် // အတ္တများရဲ့သခင် Where stories live. Discover now