ep 14

1.1K 26 1
                                    

နေ့ရက်တိုင်းကသာယာနေရင်ကြောက်မိပါတယ် ငါကအမြဲကံဆိုးတတ်လွန်းလို့ မုန်တိုင်းဒဏ်ကိုခံရမှာကြောက်တယ် ရီရရင်ငိုရတတ်တယ်တဲ့လေ ဒီစကားကြောင့် ရီရမှာတောင်ကြောက်မိတဲ့အထိပါပဲ

"Hey BABY"

ချွဲနွဲ့တဲ့လေသံ မြင်သူတိုင်းကို ဆွဲဆောင်နိုင်တဲ့ မိန်းမလှလေးတစ်ဦးက ကုမ္ပဏီထဲကို ကြွရွသောခြေလှမ်းများနဲ့ ဝင်လာခဲ့တယ်

"မာယာ မင်းပြန်လာတာလား"

သူမကမာယာကကြိုး ဂုဏ်ရှိုန်သခင်ရဲ့ ငယ်သူငယ်ချင်းဆိုလည်းမမှားဘူးလို့ပြောရမယ်

  "ဒါပေါ့ တို့ကမင်းကိုလွမ်းလို့ပြန်လာတာ"

  "အရင်လိုပဲမင်းလည်း"

  "ဒါပေါ့ အစစအရာရာအရင်လိုပဲ"

ကျောက်ရုပ်သဖွယ် ရပ်နေတဲ့လွှမ်းလည်း သူတို့ကိုသာကြည့်နေမိတော့တယ် သိပ်ရင်းနှီးတဲ့သူငယ်ချင်းတွေလို့ပဲတွေးထားပါတယ်

"သခင် တို့နဲ့လိုက်ခဲ့"

  "ဘယ်ကိုလည်း"

  "လာစမ်းပါ"

"ဟင်"

လွှမ် ဟင်ဆိုတဲ့တစ်လုံးသာထွက်နိုင်တယ် အတင်းဆွဲခေါ်သွားလိုက်တာ သူ့မူပိုင်လို ရဲလိုက်တာလို့ပြောရမလား ဖော်ရွေလိုက်တာလို့ပဲပြောရမလား

  "နင်ကလည်း ဟိုမှာငါ့လွှမ်းကျန်ခဲ့တယ်"

  "နင့်လွှမ်း?"

  "ငါလက်ထပ်ထားတဲ့ငါ့ယောက်ျားလေ လွှမ်းတခေတ်‌နွေ"

  "နင်ကယောက်ျားတစ်ယောက်နဲ့လက်ထပ်တာ"

  "အင်းလေ"

  "ပျော်ရော ပျော်ရဲ့လားဟယ် စိတ်မပျတ်ပါဘူးလား"

   "ဘာကိုလည်း"

   "သာယာမှုဘာညာ"

လွှမ်းမျက်ရည်ဝဲမိတယ် ဂုဏ်နှုတ်ပိတ်နေခဲ့တယ် ဘာဆိုဘာမှပြန်မပြောပါ လွှမ်းလှည့်ထွက်ခဲ့လိုက်တယ် သူနားလည်ပါတယ်

"သာယာမှုမလိုပါဘူး သူရှိရင်ရပီ"

ဂုဏ်ခဏတာစဉ်းစားပီးမှ အဖြေပြန်ပေးလိုက်တယ် သူစဉ်းစားနေတဲ့အရာက လွှမ်းနဲ့သူရဲ့ပျော်နေတဲ့ကမ္ဘာလေးကိုပေါ့

အတ္တများရဲ့သခင် // အတ္တများရဲ့သခင် Where stories live. Discover now