ep7

1.3K 33 0
                                    

အချစ်နဲ့စစ်မှာမတရားတာမရှိဘူး စစ်ဆိုတာသတ်ရဲယုတ်မာရဲမှာနိုင်တာ အချစ်ဆိုတာပိုင်ဆိုင်ရမှနိုင်တာ ချစ်သူကိုပိုင်ဆိုင်ရဖို့ ယုတ်မာရမယ်ဆိုလည်းဝန်မလေးဘူး အချစ်ကစွန့်လွှတ်ခြင်းဆိုတဲ့ စကားက ကျုပ်အတွက် ဘယ်တော့မှဖြစ်လာမှာမဟုတ်..!

"ဂုဏ်ငါအိပ်တော့မယ် အိပ်ချင်ပီ"

TVကြည့်နေကြရင်း တဖြည်း"နဲ့အိပ်ချင်လာခဲ့တယ်

"အင်း အိပ်တော့လေ"

TVကနေ မျက်လုံးမခွာပဲပြန်ပြောလိုက်တဲ့ဂုဏ့်ကို လွှမ်းမျက်မှောင်ကျုံ့ကြည့်လိုက်တယ်

"မင်းရော မအိပ်သေးဘူးလား"

"ခဏနေရင်အိပ်တော့မှာ"

လွှမ်းလည်း ဘာမှထပ်ပြောမနေတော့ပါ အိပ်ခန်းဆီသာလျှောက်သွားလိုက်တယ်

ပြောလည်းစကားနားထောင်မဲ့ကလေးမှမဟုတ်တာပဲလေ

လွှမ်းအခန်းထဲမဝင်ခင် ဘေးကသော့ပိတ်ထားတဲ့အခန်းကိုအကြည့်ရောက်သွားတယ် အမြဲပိတ်ထားတတ်တဲ့ ဒီအခန်းကကိုယ့်အခန်းနဲ့ကပ်နေ‌ပေမဲ့လုံလွန်းတယ်

လွှမ်းဘာမှစဉ်းစားမနေတော့ပဲအခန်းထဲသာဝင်သွားလိုက်ပါတယ်

ဂုဏ်ကအခန်းထဲဝင်သွားတဲ့ လွှမ်းကိုလိုက်ကြည့်နေပီး လွှမ်းဝင်သွားတော့မှာ TVပိတ်ကာထလာခဲ့တယ်

ဘောင်းဘီအိပ်ကပ်ထဲမှာသော့တစ်ချောင်းကိုထုပ်ယူလိုက်ပီး ပိတ်ထားတဲ့အခန်းတံခါးကိုဖြည်း"ချင်းဖွင့်နေပါတယ်

တံခါးကိုဖွင့်လိုက်တော့ ညိုမှိုင်း"အခန်းတစ်ခု နံရံကိုပင်မမြင်ရလောင်အောင်ကပ်ထားသောဓာတ်ပုံများမှာ လွှမ်းတခတ်နွေတစ်ဦးထဲသာ

ရှုထောင့်ပေါင်းဆုံမှ ရိုက်ကူးထားသောပုံများ အလုပ်ကပုံ လမ်းသွားရင်းပုံ စသဖြင့်ပုံပေါင်းများစွာ

အမိုးနေရာမှာတော့ မျက်လုံးများကိုမှိတ်လျက်အိပ်စက်နေသောလွှမ်းတခတ်နွေရဲ့ပုံကြီးက‌ေနရာအပြည့်ယူထားခဲ့တယ်

သူညတိုင်းဒီအခန်းထဲမှာ ဝင်အိပ်ဖြစ်ခဲ့တယ် ဒီအခန်းကနေလွှမ်းရဲ့လှုပ်ရှားသံ အသက်ရှူသံကအစ ပြတ်သားစွာကြားနေရပါတယ်

အတ္တများရဲ့သခင် // အတ္တများရဲ့သခင် Where stories live. Discover now