ep17

1K 26 4
                                    

အရာရာဟာအမှောင်အတိ လမ်းများကိုမတွေ့ပါပဲပြေးသာပြေးနေမိခဲ့တယ် ဒါဘယ်နေရာလည်း ငါဘယ်ကိုရောက်နေခဲ့တာလည်း ‌

  "လွှမ်း...မောင့်ရှိရာပြန်လာခဲ့ပါနော်"

အသံကြားတယ် လူကိုရှာလို့မတွေ့ ဒါမောင့်အသံလား မောင်များလား မောင်မင်းဘယ်မှာလည်း ငါရှာမတွေ့ဘူး ငါသိပ်ကြောက်တယ်မောင်

‌ပါတ်ဝန်းကျင်ဟာအမှောင်အတိဖြစ်နေတယ် ဘယ်နေရာဘယ်အရပ်ကိုဦးတည်ရပါ့မလည်း

ကျန်တော်ပြေးသာပြေးနေမိတယ် တွေ့ပါပီ ကျန်တော်တွေ့လိုက်တယ်အလင်းတန်းလေး

  "လူနာလှုပ်လာတယ်"

   " ဆရာဝန်!"

ထိုအလင်းတန်းလေးစီက အသံတွေကျန်တော်ကြားတယ် တံခါးလေးပိတ်တော့မယ် ကျန်တော်ပြေးမှရမယ် မောင့်အတွက်ဖြစ်ဖြစ်

  "မောင်လေး သတိရပီလား"

ဒါမမလား မမနွေလား မမကမသေဘူးပေါ့ဒါဆို နေပါအုန်း ငါ့မျက်လုံးပေါ်ကဘာကြီးလည်း

  "မမ ကျန်တော့်မျက်လုံးပေါ်မှာဘာကြီးလည်း ဖယ်ပေးပါ"

  "ဆရာဝန်လာရင်ဖယ်ပေးလိမ့်မယ်မောင်လေး ခဏပဲစောင့်နော်"

အခန်းထောင့်လေးတွင် အသံလေးတိတ်ကာ တွေတွေလေးငေးနေသူလည်းရှိတာပေါ့လေ
 
  "ဆရာပတ်တီးဖြည်မယ် ဆုတောင်းပေးနေကြပေါ့ ရလဒ်ကောင်းအတွက်ပေ့ါ"

ပါတ်တီးဖြည်နေသောဆရာဝန်အား ကျန်တော်သေချာကြည့်နေမိတယ် ပါတ်တီးကိုညှပ်နေတဲ့ကပ်ကြေး လွှမ်းကိုထိရင် ကျန်တော်‌ဝင်ရိုက်မှာ

ဂုဏ်မျက်တောင်ပင်မခပ် သေချာကြည့်နေလေတယ် လွှမ်းရှေ့သွားရပ်နေမိတယ် လွှမ်းအလင်းမြင်ရချိန် ကျန်တော့ကိုအရင်မြင်စေချင်တယ်

  "လူနာက မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ပေးပါ"

  "မောင်လေးမမရှိတယ်"

  "လွှမ်း မောင်ရှိတယ်နော်"

သူတို့ဘာဖြစ်နေကြတာလည်း ထူးထူးဆန်းဆန်းတွေ မျက်လုံးဖွင့်တော့ဘာ..

ဟင်ကျန်တော့မျက်လုံးတွေ ဖွ့င့်လိုက်တာသေချာနေပါတယ် ဒါပေမဲ့အရာရာမှောင်နေတယ်

အတ္တများရဲ့သခင် // အတ္တများရဲ့သခင် Where stories live. Discover now