ep4

1.4K 38 1
                                    

ချစ်လားမေးရင်ပြောမပြတတ်ဘူးပိုင်ဆိုင်ချင်လာမေးရင်တော့ပိုင်ချင်တာပေါ့ဗျာကိုယ်ပိုင်အနေနဲ့တံဆိတ်ခတ်ထားပစ်ချင်တာ

   "ဂုဏ်ရေ"

အလုပ်သွားဖို့အဝတ်လဲနေတုန်းထွက်ပေါ်လာတဲ့ခေါ်သံလေးကြောင့်ပြုံးမိသွားတယ်မနက်ခင်ကသာယာလှပါပီ

"ဘာလိုချင်လို့လည်း"

ရှပ်အကျီလက်ကိုခေါက်တင်ရင်းလှေကားအတိုင်းတထစ်ခြင်းဆင်းလာပုံမှာစမတ်ကျလွန်းလှတယ်

  "ငါမင်း Company အလုပ်ဝင်ချင်တယ်"

ဂုဏ်မျက်မှောင်ကျုံမိပေမဲ့အိမ်မှာကျန်ခဲ့ရမယ့်အဖြစ်ကြောင့်လက်ခံလိုက်ပါတယ်

    "အင်းဟုပ်ပီ 10နာရီကြရင်ဝတ်စုံပို့ပေးမယ်12နာရီလာခေါ်မယ်အဆင်သင့်လုပ်ထားစောင့်ရရင်ထားခဲ့မှာ"

    "အင်း ..အင်း"

လွှမ်းပျော်သွားပါတယ်အိမ်မှာနေရတာပျင်းလွန်းတယ်ပီးတော့ သူများပိုက်ဆံကိုလည်း အလကားမလိုချင်ပါ

11နာရီလောက်ထဲကရေချိုးကာပြင်ဆင်ပီးပါပီ စတိုလ်ပန်အနက်ကို ရှပ်အကျီအဖြူနဲ့ တွဲဖက်ဝတ်ဆင်ထားပါတယ်

12ထိုးခါနီးမှာတော့ အပြင်ထွက်ကာစောင့်နေလိုက်ပါတယ်

  "ဟေ့ အကိုနွေ"
  "ဓန"

အသားရည်ကဖြူနေတာကိုအဝါဝတ်ထားတာကြောင့်ဓနကောင်းကင်ရဲ့အသားကဝင်းနေပါတယ်

   "အားးပါးးပါးး တို့အကိုနွေကစွန်းမိုက်နေပါလား"

လွှမ်းအား လှည့်ပါတ်ကြည့်ကာ ပြောလာပါတယ်

   "အမယ် အကိုတောက်မြောက်တတ်ချင်သွားပီ"

လွှမ်းကပြောနေရင်းနဲ့ ဓနရဲ့ခေါင်းကို ပုတ်ပေးလိုက်တယ်

အငယ်မရှိတာကြောင့် ဒီချွဲတတ်တယ့်ကောင်လေးကို သံယောဇဉ်ရှိမိတာတော့ အ‌မှန်ပါ

ကားအနက်တစီးက အရှိန်ပြင်းစွနဲ့ သူတို့နှစ်ယောက်ရဲ့အရှေ့ကိုရောက်လာပီး ကားထဲမှ စူးရဲတဲ့မျက်လုံး ခတ်ထန်တဲ့မျက်နှာထားနဲ့ ဂုဏ်ရှိုန်သခင်ဆင်းလာပါတယ်

အတ္တများရဲ့သခင် // အတ္တများရဲ့သခင် Where stories live. Discover now