ep5

1.3K 40 0
                                    

ကျန်တော် ပွေရှုပ်ခဲ့ဖူးတာမှန်ပေမယ့် မချစ်ခဲ့ဖူးလို့ပြောရင် နွေယုံပေးမလား ကျန်တော်ကနွေနဲ့မှ ချစ်တတ်ခဲ့တဲ့သူပါနွေ

"Hello ဘာများလိုအပ်ပါလည်းရှင်"

ဒဇိုင်းဆွဲနေရင်း အသံမြည်သော ဖုန်းကြောင့် လုပ်လတ်စကိုရပ်ကာ ကိုင်လိုပါတယ်

"Hello ကြားလားမသိဘူး"

"ဟမ် ဟုတ် ဟုတ်"

ရုတ်တရပ်ကြားလိုက်ရတဲ့ ချိုသာတဲ့အသံလေးကြောင့် ပြောဖို့စကားတွေမေ့ကာ ခဏတာတော့ ရပ်တန့်သွားမိခဲ့တယ် အသံထပ်ပေးမှ ပြောလိုက်မိတာအယောင်"အမှား"ရယ်ပါ

"ဟုပ်ကဲ့ ဘာအလိုရှိလိုပါလည်းရှင်"

"အမနွေ ကျန်တော် စိုင်းမာန်ခပါ မှတ်မိလား"

မှတ်မိပါတယ်ဆိုတဲ့ ဖြေသံလေးကို မျှော်လင့်ကြီးစွာ စောင့်နေမိတယ်

"အမမှတ်မိပါတယ် မောင်လေးနဲ့ပါလာသူမလား"

"ဟုတ်တယ် အမ ကျန်တော်ပါ"

ခဗျားလေးမှတ်မိလို့ ပျော်နေမိတဲ့ကျန်တော့ကို ခဗျားလေးမြင်ရင်တော့ ရူးနေသူလို့ထင်တော့မှာပဲဗျာ

"ဟို ကျန်တော့အမေလေ ပွဲရှိလို့အဲ့တာ အထည်လေးအပ်ချင်လို့အမ"

တကယ်တော့ အမေ့ကိုမနည်းပြောထားရကာ ကိုယ်တိုင်ပိတ်စဝယ်ပေးပီး ကိုယ့်ပိုက်ဆံနဲ့ပဲ ချုပ်ပေးရတာပါ

"ရတာပေါ့မောင်လေးရဲ့ အားတဲ့အချိန် မောင်လေးအမေကိုခေါ်ပီး လာခဲ့လေ"

"ဟုတ်အမ"

"ဆိုင်လိပ်စာကို‌ရော မှတ်မိလား"

သိပ်မှတ်မိတာပေါ့ နွေရယ် ကျန်တော်ခဗျားလေးနဲ့ပါတ်သတ်တာဆို အရာအားလုံးအမှတ်ရနေပါတယ်

"မှတ်မိတယ် အမ"

"အင်းပါ ဒါပဲနော်မောင်လေး"

"ဟုတ်ကဲ့"

ဟုတ်ကဲ့တဲ့...အမေကပြောရင်တောင် မနာခံတတ်တဲ့ ကျန်တော်လိုလူက ဟုတ်ကဲ့တဲ့ နွေရယ် ခဗျားလေးကိုကျန်တော် တကယ်ချစ်မိနေပီထင်ပါ့ဗျာ

ချက်ခြင်းပဲအမေဖြစ်သူရဲ့ လက်ကိုဆွဲကာ အနွေးဓာတ်‌ေလးရှိရာ အရပ်ဒေသကို ချီတတ်လာခဲ့တယ် ဘယ်နောက်ကျလို့ဖြစ်ပါ့မလည်းလေ

အတ္တများရဲ့သခင် // အတ္တများရဲ့သခင် Where stories live. Discover now