ep20

447 16 3
                                    

တည်းမဲ့ဟောတယ်သို့ တည့်မတ်စွာမောင်းလာခဲ့တယ် ငှားထားတဲ့ဟောတယ်က ဟော်တယ်ဆိုတာထက် အိမ်နဲ့ပိုတူသည်3ထပ်ခွဲအိမ်လိုပေါ့ အုပ်ကျိုးရောင်သုတ်ထားပီး လမ်းမနဲ့အလှမ်းဝေးတဲ့နေရာမှာ တည်ရှိပီးတိတ်ဆိတဲ့ဟောတယ်ပင်

ဒုတိယထပ်ကမိမိနေရမဲ့ အခန်းကို ဟောတယ်ဝန်ထမ်းလေးကလိုက်ပို့ပေးတယ်။

"ဒီနေ့တော့နားလိုက်တာပဲ ကောင်းပါတယ်"

အထုပ်တွေချကာ မွေ့ယာထပ်လှဲချလိုက်တယ် မျက်ဝန်းထောင်ကမျက်ရည်တစ်စကျဆင်းသွားခဲ့တယ်။

"မောင် ငါပုဂံကိုအလည်သွားချင်တယ် လိုက်ပို့ပေး"

  "ပုဂံကသိပ်လှတယ်တဲ့ ဘုရားတွေအများကြီးပဲတဲ့"

  "ဒန်းလေးတွေလည်းဆိုးချင်တယ်"

  "ယွန်းထည်လေးတွေလည်းဝယ်ချင်တယ်"

သူ့ရဲ့ချစ်ရသူပြောခဲ့တာ လိုက်မပို့ပေးနိုင်ခင် သူထွက်သွားခဲ့တယ်..။

__

"နွေ ဘာလို့မျက်ရည်တွေကျနေတာလည်း"

မာယာကစိတ်ပူတဲ့ လေသံလေးနဲ့ မေးလာတောပ မျက်ရည်ကိုသုတ်ကာ

"စောနက အမတစ်ယောက်ကကိုယ့်ကို မောင်လေးတဲ့ သူမကကိုယ်ဝန်နဲ့ ကိုယ့်အမကိုသိပ်သတိရမိ‌သွားတယ် ကိုယ့်တူလေးလားတူမလေးလားမသိတဲ့ကလေးလေးကိုရော"

   "နွေရယ်"

မာယာကနွေ့ကို ရင်ခွင်ထဲထည့်ကာ နှင့်သိမ့်ပေးနေလိုက်တယ်

"မာယာနွေ့အတွက် တိတ်ဆိတ်တဲ့နေရာကို ရွေးရှာထားတာ"

နွေကပြုံးလျက်

  "မာယာလည်း ပင်ပန်းပီ နားလိုက်အုန်းလေ"

  "မာယာ ဟိုဘက်အခန်းမှာရှိတယ် လိုရင်ခေါ်နော်"

နွေကခေါင်ငြိမ့်ကာ ပြုံးပြလိုက်တယ်

မာယာက အပေါ်ဆုံးထပ်ကိုရွေးကာငှားထားလိုက်တယ်

မာယာက ဝရံနာမှာရပ်နေတဲ့ နွေ့ကိုခေါ်လိုက်တယ်

  "နွေရေအေးတယ် ဝင်ခဲ့တော့လေ"

"နွေ?"

အပေါ်ကိုအမြန်မော့ကြည့်ခဲ့ပေမဲ့ မည်သူမှရှိမနေ နွေဆိုတ‌ဲ့နမည်တေ‌ွ ဘယ်လောက်တောင်များပြားနေတာလည်း လွှမ်းရေ မောင်လေမင်းနဲ့ နမည်တစ်လုံးလေးပဲတူရင်တောင် မင်းလားဆိုပီးလိုက်ရှာရတာအမော၊ လွှမ်းရော မောင့်ကိုသတိရရဲ့လား မေ့နေမှာလား တခြားသူ.... မဟုတ်ဘူးမလား တခြားသူရင်ခွင်ထဲတော့ လွှမ်းရောက်နေမှာမဟုတ်ဘူးမလား...။

You've reached the end of published parts.

⏰ Last updated: Jul 08 ⏰

Add this story to your Library to get notified about new parts!

အတ္တများရဲ့သခင် // အတ္တများရဲ့သခင် Where stories live. Discover now