19

946 23 5
                                    

အဝတ်တွေထည့်ကာ စိတ်ပြေလက်ပျောက်ဆိုကာ ပုဂံသို့ထွက်လာခဲ့တယ် မေမြို့ကိုသွားမဲ့ခရီးကပျက်ခဲ့ရတယ် လက်ထောက်ကိုလွှတ်ပီး သူကတော့ပုဂံကိုသာထွက်ခဲ့လိုက်တယ် သူသိပ်ပင်ပန်းနေပီလေ..။

ဒီလထဲသိပ်ပင်ပန်းနေပီ ပြိုလဲမသွားအောင်တောင့်ခံနေရတယ် တနေ့လွှမ်းနဲ့ပြန်တွေ့ရင်ဆိုတဲ့စိတ်နဲ့တောင့်ခံနေခဲ့တာ မောင်ကောင်းကောင်းမွန်မွန်ရှင်သန်နေလို့များ မင်းမောင့်ကိုပိုမုန်းသွားမလား မောင်လေမင်းမရှိတော့ထဲက သေသူတစ်ယောက်ဖြစ်ခဲ့ရတာပါလွှမ်းရာ..။

ကားလေးစတင်ထွက်ခွာလာခဲ့တယ် ဘီးတစ်ပါတ်လည်တိုင် မြို့ပြရန်ကုန်နဲ့အဝေးကို တစ်စတစ်စရောက်လာခဲ့ပီ ကျန်တော့ရင်ထဲမှာလည်း ပျော်ရွှင်လာခဲ့တယ် ဘာကြောင့်ရယ်မသိ ကျန်တော်သိပ်ပျော်နေမိတယ်။

ရှေ့ကားကြီးတွေရပ်ထားတာတွေ့တော့  သူလည်းရပ်လိုက်တယ် မိုးလင်းခါနီးမှမြို့ထဲပေးဝင်မှာမလို့ စောင့်နေကြတာတွေပေါ့ မီးလေးတွေဖိုကာ ဆောင်းလေအေးကြား ပျော်နေကြတဲ့အရွယ်စုံလူစုံများ။

ဒီတိုင်းလမ်းဘေးဆိုင်သေးသေးလေးတစ်ခုသာ အမိုးပင်မပါချေ မီးပုံလေးတွေကိုယ့်ဘာသာဖိုလို့ရပီး ဖျာတော့ငှားရသည် ဂုဏ်လည်းဖျာတစ်ချက်ငှားက မီးပုံလေးဘေးဝင်ထိုင်နေကာ ခေါက်ဆွဲပြုတ်ပူပူလေးစားရင်းခရီးသွားခြင်းအရသာကိုခံစားလို့နေတယ်။

  "ဟာ အာကာမင်းမရစ်နဲ့နော်"

ဘေးမှာအသံလေးတွေထွက်လာ၍ ကြည့်မိတော့ 15/16သာရှိအုန်းမဲ့ချာတိတ်လေး2ယောက်။

  "ငါဘယ်မှာရစ်လို့လည်း ခေါက်ဆွဲစားချင်လို့စားမယ်ပြောတာလေ"

  "မင်းကဗိုက်မကောင်းဖြစ်တတ်တာခဏခဏလေ ခေါက်ဆွဲစားလို့မရဘူးလို့ အာကာရှိန်းရဲ့!"

  "မရဘူး ငါစားချင်တယ်လို့ မိုးစက်မင်းရဲ့!"

ဂုဏ်ပြုံးမိသွားတယ် သူငယ်ချင်းတွေထင်သည် လောလောဆယ်ပေါ့လေ ကိုယ်ကဒီလိုမလို့လူတိုင်းကိုဒီလိုထင်သည်မဟုတ်ပါ မိုးစက်မင်းဆိုတဲ့ကောင်လေးရဲ့ဂရုစိုက်မှု ဘယ်အမျိုးသားက ဘယ်အမျိုးသားရဲ့မျက်နှာကိုစိုးရိမ်စွာစိုက်ကြည့်မည်နည်း ဘယ်အမျိုးသားကဘယ်အမျိုးသားကို စိတ်ရှည်သည်းခံနေနိုင်သလည်း။

အတ္တများရဲ့သခင် // အတ္တများရဲ့သခင် Where stories live. Discover now