ep 10

1.4K 31 2
                                    

~~

စောစောစီးစီး မိုးတွေအုံနေလို့ထင်ပါ့ တိုက်ခတ်တဲ့လေကအေးစက်လွန်းနေခဲ့တယ် ပုံမှန်ဆိုအိပ်နေမိမှာပေမဲ့ လွှမ်းတစ်ယောက်နိုးနေခဲ့တယ် ပိတ်ရက်ပေမဲ့အစောကြီးနိုးနေခဲ့တယ် တခါမျမသောက်ဖူးတဲ့ ကော်ဖီခါးခါး တစ်ခွက်ကိုသောက်ရင်းပေါ့ တစ်ခါပဲသောက်ဖူးပီး ခါးလွန်းလို့မသောက်ဖြစ်နဲ့ ဒီကောဖီ ဒီနေ့သောက်တော့လေ မခါးတော့သလို ကော်ဖီကပဲ အခါးလျော့သွားတာလား သောက်တဲ့သူကပဲ အခါးဓာတ်ကိုခံနိုင်သွားခဲ့တာလား ဒါပုစ္ဆာကတော့ အဖြေမဲ့နေခဲ့ပါတယ်

  "လွှမ်းရေ လွှမ်း"

ခေါ်ပြန်ပါပီ မိုးလင်းလို့သူနိုးရင် မျက်လုံးမဖွင့်ခင် လွှမ်းဆိုပီး‌ပဲ အော်ကာနိုးလေသလားပင်မသိ‌ေတာ့ပါ

ကော်ဖီကို အကုန်မော့ချကာ ခွက်ကိုမှန်တင်ခုန်ပေါ်တင်လိုက်ပီး အခန်းတံခါးရှိရာ သွားလိုက်ပါတယ်

  "ငါအခန်းထဲမှာလေ"

သူ့စကားကိုအရေးမစိုက် ဂုဏ့်မျက်လုံးများက စိုးရိမ်မှုအပြည့်

   "ဟင် ဘာ အင့်!"

ဘာမှပင်မပြောလိုက်ရ လွှမ်းအား လွတ်ထွက်မှာစိုးသည့်အလား ပွေ့ဖတ်လိုက်တယ် ဂုဏ့်ကိုယ်မှာ ချွေးများကရွှဲလျှက်နဲ့ပါ

  "ကျန်တော် အိပ်မက်ဆိုးမက်တယ် လွှမ်းရယ်"

သူအိပ်မက်ဆိုးမက်ပါသည် အိပ်မက်ကဆိုးဝါးလွန်းပါတယ် လွှမ်ကသူ့အားထားသွားသတဲ့ လွှမ်းကလေ မဖြစ်သင့်ပါ ဒီလိုဖြစ်လို့မရပါ လွှမ်းကသူ့အတွက် သူ့အပိုင် လွှမ်းသူ့အားထားသွားလို့မရပါ လွှမ်းကဒီကောင့်အပိုင် လွှမ်းတခေတ်နွေက ဂုဏ်ရှိန်သခင့်အပိုင်ပါ

  "ဘာတွေမက်လို့လည်း ပြောပါအုန်း"

လွှမ်းလည်း ပြန်ဖတ်ကာ မေးလိုက်ပါတယ် သူသိချင်ပါတယ် ဂုဏ့်ကို ဘယ်အရာတွေကများ ဒီလောက်‌ေကြာက်လန့်သွား‌ေအာင် ခြောက်လန့်လိုက်ကြသလည်း

  "ခဗျားက ကျုပ်ကိုထားသွားတာလေ"

လွှမ်းပြုံးမိသွားတယ် သူ့ကြောင့်လား သူကထားသွားလို့တဲ့ ဒါသူလည်းကိုယ့်ကိုချစ်နေတာပဲမလား

အတ္တများရဲ့သခင် // အတ္တများရဲ့သခင် Where stories live. Discover now