မနက်နိုးလာခဲ့တော့ မောင့်ရဲ့မျက်နှာချောချောကို မြင်လိုက်ရတယ် ကျန်တော်လေ အကြာကြီးကိုငေးကြည့်နေခဲ့တာ ချစ်တယ်ပြောလိုက်တိုင်း ကျန်တော့်ဘေးကလူတွေ ထွက်သွားတတ်တာမလို့ ဒီလူသားလေးအတွက် ချစ်စကားတွေကို ကျန်တော့ရင်ထဲသိမ်းထားတာ ပြည့်တောင်ပြည့်နေပါပီ
"ချစ်တယ် မောင်"
အိပ်နေသောသူအား ချစ်တယ်လို့ကျန်တော်ခိုးပြောမိတယ် ကျန်တော်က ဒီလိုပဲပြောပြလို့ရမှာမဟုတ်လားလေ
လွှမ်းထသွားတော့ အိပ်ရာထပ်မှလူဟာ ကျေနပ်ပြုံးတို့ဖြင့် ကျန်ခဲ့သည်ကိုတော့ လွှမ်းတစ်ယောက်မသိလိုက်ပါ
~~~~
"မာယာကမလုပ်နိုင်တော့ဘူးတဲ့ဆရာ"
ခုန်ပေါ်မှာမှီကာ စီးကရက်ဖွာနေသောလူတစ်ယောက်နဲ့ လက်ဘေးကပ်ကာ ဦးညွှန့်နေသောလူတစ်ယောက်
"ဘာကြောင့်လည်း အလုံလောက်ပေးထားတာပဲ"
"လွှမ်းတခေတ်နွေကို ချစ်မိသွားလို့ပါတဲ့ ငွေတွေလည်းမယူဘူးတဲ့"
"ဟားးးးအောက်တန်းစားဖာသည်အဆင့်နဲ့ အကိုနွေ့ကိုလိုချင်သေးတယ် မတန်ဘူးလေ မတန်ဘူး"
"ဆရာအခုဘာဆတ်လုပ်မှာလည်း"
ဆေးလိပ်ကိုဖွာကာ အပြုံးတို့ကိုချိတ်ဆွဲလှျက်
"ရော့အဲ့မှာ"
စားပွဲပေါ်ကို ပုံတစ်ပုံပစ်တင်လိုက်တယ်
"အဲ့တာကို ဂုဏ်ရှိန်သခင်လက်ထဲ သေချာထည့်ခဲ့"
"ဟုတ်ကဲ့ပါဆရာ"
ငါအကြာကြီးပျောက်လို့ သာယာနေမယ်ထင်တယ်ပေါ့ အစစအရာရာမင်းကိုပဲ ငါဦးစားပေးခဲ့တာပါပဲ နှလုံးသားကိုပေးရအောင်အထိ ငါမရက်ရောနိုင်ဘူး အောင်မြင်မှု စည်းစိမ်တွေ အကုန်ငါပေးနိုင်တယ် နှလုံးသားကိုတော့ ငါမပေးနိုင်ဘူး အကိုနွေကတစ်ခုထဲသော ငါ့အတ္တ တစ်ခုထဲသောငါလိုချင်မိတဲ့အရာ ကျန်တာအကုန်ငါမင်းကိုပေးနိုင်တယ်သခင် ငါကအကို့နွေ့ကိုပဲလိုချင်တာ
~~~~~~~~~~~~
"ဟူးးးးးးးးးးးး"
အဆင်မပြေလိုက်တာ 3ရက်လောက်ကြိုးစားခဲ့ရတဲ့ ဖိုင်ကရုတ်တရပ် ရှာလို့ပင်မတွေ့တော့ပါ အစကနေပြန်လုပ်ရပေအုန်းမည် ထပ်ပီး3ရက်လောက်မအိပ်ပဲပေါ့ ထူးဆန်းလွန်းနေတာတော့အမှန်ပင် ရုတ်တရပ်ပျောက်သွားစရာမှ မရှိတာပဲလေ
YOU ARE READING
အတ္တများရဲ့သခင် // အတၱမ်ားရဲ႕သခင္