ep8

1.4K 35 5
                                    

*အချစ်ဆိုတာဘာလည်း ကျုပ်မသိ ဒါပေမဲ့အချစ်ဆိုတာစွန့်လွှတ်ခြင်းမဟုတ်တာတော့ ကျုပ်အတတ်သိနေတယ်*

မနက်နေထွက်လာချိန်မှာတော့ ဂုဏ်ရှိုန်သခင်တစ်ယောက်နိုးနေခဲ့ကာဆေးလိပ်သောက်နေမိတယ် စိတ်ထဲတစ်ခုခုလိုနေသလိုခံစားနေရတာကြောင့် ဆေးလိပ်ကိုမီးသတ်ကာ အခန်းပြင်ထွက်လာခဲ့တယ်

"လွှမ်းရေ ခဗျားဘယ်မှာလည်း လွှမ်း..."

စောစောစီးစီး အားပြဲနဲ့အော်နေတာ ဒီအိမ်မှာဂုဏ်ရှိန်သခင်ဆိုတဲ့ အရူးကောင်သာရှိပါတယ်

"လွှမ်း လွှမ်း လွှမ်း လွှမ်းရေ.. လွှမ်း"

အတတ်မပြတ်ခေါ်နေတာ ထူးချိန်တောင်မပေးတာကြောင့် လွှမ်းဒေါသထွက်မိလာတယ်

"ဘာလည်း ဘာလည်းလို့! ဘာလို့အဲ့လောက်တောင်ခေါ်နေရတာလည်းဟ!"

အောက်ထပ်မှထွက်လာနဲ့ ဆူအောင့်နေတဲ့အသံလေးကြောင့် ခေါ်တာရပ်သွားပေးမဲ့ မျက်ခုံးတန်းလေးတွေကတော့ မပြေနိုင်သေးပဲထိကပ်လုနီးပါးပါပဲ

ငါ့ကိုများသူကလေသံမာရဲတယ် ခဗျားသိပ်ရဲတင်းလွန်းနေတာမဟုတ်ဘူးလား လွှမ်းတခတ်နွေ

"ခဗျားလေးသံကိုပြင်စမ်း!"

"အမေ့!"

စာအုပ်ဖတ်နေရင်း ရုတ်တရပ်အနီးကပ်ကြားလိုက်ရ‌တာကြောင့် လန့်လည်းလန့်ကာ‌ ဒေါသကလည်းထောင်းခနဲရယ်ပါ

"ဘာလည်း ဘာကိုပြင်ရမှာလည်း!"

"စောနကလိုအော်တာလေ"

"အဲ့တာဘာဖြစ်လည်း!"

"ကျုပ်က ခဗျားအလုပ်ရှင်နော်!"

လွှမ်းငြိမ်သွားတယ် ဒါပေါ့သူကအလုပ်ရှင် ကိုယ့်ထက်ငယ်လည်း ကိုယ့်အလုပ်ရှင်ပဲလေ

လွှမ်းထရပ်လိုက်ကာ လက်ထဲမှာစာအုပ်ကိုသေချာစွာချထားပီး ဂုဏ့်ဘက်လှည့်ကာ ငြိမ်ငြိမ်လေးရပ်လိုက်တယ်

"ဟုတ်ကဲ့ တောင်းပန်ပါတယ် ငါ အင်းးး ကျန်တော် အလုပ်ရှင်နဲ့အလုပ်သမားဆိုတဲ့ စည်းကိုကျော်သွားမိတယ် နောက်တခါဆင်ချင်ပါ့မယ်ဗျ"

ဒေါသမထိမ်းနဲ့ပဲပြောမိသွားတဲ့ကိုယ့်ကိုယ်ကိုလည်းထုရိုက်ပစ်ချင်မိတယ် ကိုယ်ကသူ့ကိုရိုသေစေချင်တာမဟုပ်တာ ချိုသာစေချင်ရုံပါ ဒါ့ပေမဲ့သူ့ကိုအတွေးများစေခဲ့တယ်

အတ္တများရဲ့သခင် // အတ္တများရဲ့သခင် Where stories live. Discover now