( 1 ) U / Z

124K 3.1K 129
                                    

U~

အိမ်အဝင်တံခါးတွင် ခေါင်းလေးသာ
ပြူထွက်ကာ အိမ်ထဲသို့ အကဲခတ်နေသည့်
'နယ်မြေ'၊ ဧည့်ခန်းမှာ ရှင်းလင်းနေတာကြောင့်
နောက်သို့လှည့်ကာ 'သမိုင်း' ကိုခေါင်းငြိမ့်ပြ၍ 'နယ်မြေ' သူခိုးခြေလှမ်းဖြင့် အပေါ်ထပ်တက်မည့် လှေကားသို့ ဦးတည်သွားလိုက်သည်။ 'သမိုင်း' ကတော့ နောက်မှ လက်ပိုက်လျက်ပင်
ပုံမှန်အတိုင်းလျှောက်ဝင်လာသည်။

" 'သက်တံ့နယ်မြေ'!! "

မီးဖိုချောင်ဘက်မှထွက်လာသည့် အသံကြောင့် လှေကားအခြေသို့ အရောက်တွင် 'နယ်မြေ'
ကိုယ်ကိုမတ်၍ တုံ့ခနဲရပ်မိသည်။ လှည့်ကြည့်လိုက်တော့ 'နေယံ' က မီးဖိုချောင် အပေါက်ဝမှာ မျက်မှောင်ကြီးကျုတ်လျက် ရပ်ကြည့်နေခြင်းဖြစ်သည်။ 'နယ်မြေ' အပြစ်လုပ်ထားသူပီပီ သွားတက်လေးတွေ ပေါ်လာသည်အထိ ဟီး!
ခနဲရယ်ပြမိသည်။

'နေယံ' ကမျက်နှာလွဲကာ ဧည့်ခန်းဘက်ကို လျှောက်သွားသဖြင့် 'နယ်မြေ' 'သမိုင်း' ကို
လှည့်ကြည့်လိုက်တော့ လက်နှစ်ဖက်နောက်ပစ်ကာ ခေါင်းငိုက်စိုက်ချလျက်...

"နှစ်ယောက်လုံး ဒီရှေ့လာခဲ့"

'နေယံ' ၏ပြောစကားကြောင့် ဧည့်ခန်းဘက်သို့ သွား၍ 'နယ်မြေ' မျက်နှာချင်းဆိုင် ဆိုဖာတွင်ဝင်ထိုင်လိုက်သည်။ 'သမိုင်း' ကတော့ ဘေးဘက်တွင်သာ မတ်တပ်ရပ်နေသည်။

" ကိုကို ထိုင်ခိုင်းလား "

'နေယံ' ၏တည်တင်း‌နေသည့် မျက်နှာထားကြောင့် 'နယ်မြေ' ပင်ချက်ချင်းထရပ်လိုက်သည်။

" အခုဘယ်ကပြန်လာတာလည်း "

" ဟိုလေ..ကိုကို သား.. "

" 'သမိုင်း' မင်းပြော.. "

'နေယံ' ကဖြတ်ပြောလိုက်သဖြင့် 'နယ်မြေ'
အလန့်တကြားပင် 'သမိုင်း' ကိုလှည့်ကြည့်မိသည်။

" ZK Bar က ပြန်လာတာပါ Boss....
အစ်ကိုလေး က အရေးကြီးကိစ္စ ရှိတယ်ဆိုတာနဲ့ ကျွန်တော်လိုက်သွားတာပါ..ဟိုရောက်တော့မှ Bar အနောက်ဘက်မှာ ချိန်းထားတဲ့ ချိန်းပွဲ
ဖြစ်နေမှန်း သိရတာပါ Boss...ပြန်လှည့်မမှီတာနဲ့
ဝင်ထိုးလိုက်ရတာပါ ကျွန်တော့်ရဲ့
ပေါ့ဆမှုကြောင့်ပါ ကျွန်တော့်ကိုအပြစ်ပေးပါ Boss ... "

My Best Friend Becomes My Husband ( COMPLETE )Where stories live. Discover now